Notification or Song 1

1.5K 185 40
                                    

[Unicode]

"သားလတ် ဒေါက် ဒေါက် သားလတ်ရေ နိုးပြီလား"

မေမေ့လက်ရာ မုန့်ဟင်းခါးကောင်းလွန်း၍ အပီအပြင်ဆွဲမိတာကတစ်‌ကြောင်း၊ ခရီးပန်းလာတာက တစ်ကြောင်းကြောင့် အိပ်ပျော်သွားလိုက်သည်မှာ အခုမေမေ လာနိုးမှပင် တစ်ရေးနိုးတော့သည်။ အိပ်ချင်မှုံဝါးဖြစ်နေသော မျက်လုံးတွေကို ပွတ်သပ်ရင်း တံခါးဖွင့်လိုက်တော့ မေမေက လှပစွာ ၀တ်ဆင်ထားရင်း အရှေ့၌ စောင့်နေ၏။

"ဘုရားသွားမလို့ ပြောထားတာ မေ့နေပြီလား သား"

"အာ ဟုတ်သားပဲ သားမေ့နေတာ။ ခဏလေးစောင့်နော် မေမေ။ အ၀တ်လဲပြီး ထွက်ခဲ့မယ်"

အ၀တ်လဲမည် ပြောသော်လည်း တကယ်တမ်း အိတ်ထဲက အ၀တ်အစားတွေကို ထုတ်ကြည့်လိုက်သောအခါ အကုန်လုံးက ဘောင်းဘီတွေချည်းဖြစ်သည်။ ပုဆိုးအဖြစ် ပတ်သွားစရာက မျက်နှာသုတ်ပုဝါ တစ်ထည်သာ ရှိ၏။

"ကိုလတ် ဘာတွေရှာနေတာလဲကွ"

ထိုအခိုက် ကိုမြတ်က အခန်းထဲ ၀င်လာသည်။

"ကိုမြတ်... ကိုကြီးလာတာနဲ့ အတော်ပဲ။ ညီ့မှာ မြန်မာ၀တ်စုံမရှိဘူးဗျ"

"သိနေတယ်လေ။ ဒါကြောင့် ယူလာတာပေါ့"

လက်ထဲမှ ကိုင်လာသော အ၀တ်တစ်စုံကို မြှောက်ပြပြီး ကိုမြတ်က ဆိုသည်။

"ဒါပေမဲ့ မြန်မြန်လာခဲ့တော့နော်။ ဖေဖေ စိတ်ဆိုးတော့မယ်"

"ဟုတ် ဟုတ်"

ကိုမြတ်ယူလာသည်က နံ့သာရောင် ရှပ်လည်ကတုံးနှင့် အစိမ်းရောင် ကွက်ကြားပုဆိုး‌လေး။ အပြည့်အစုံ ၀တ်ကာ မှန်ထဲ ကြည့်လိုက်တော့ တော်တော်ချောတဲ့ လွမ်းလတ်နောင်ပါလားဟု တွေးမိသွားသည်။ သို့သော် နိုင်ငံခြားက မိန်းကလေးတွေ အမြင်မရှိ။ သူ့ကို ထားပြီး tall, dark and handsome ကိုမှ လိုချင်ကြသည်။

အိမ်ရှေ့ထွက်လာသောအခါ ကားပေါ်မှာ လူစုံနေလေပြီ။ ဖေဖေနှင့် မေမေက နောက်ခန်းမှာ ထိုင်၍ သူလည်း ရှေ့ခန်းတံခါးကို ဖွင့်ထိုင်လိုက်သည်။ ထိုအခါ ကိုမြတ်က အလိုက်တသိ စတင်မောင်းနှင်၏။

အစိုးရ၀န်ထမ်းဖြစ်သော ဖေဖေ့လစာနှင့် စက်ဘီးလေးနှစ်စီးကို မနည်းခြိုးခြံ ၀ယ်ခဲ့ရသော နေ့တွေသည် အတိတ်မှာ ကျန်ခဲ့လေပြီ။ ကိုမြတ်ကုမ္ပဏီကလည်း လစာကောင်းသည်။ ဖေဖေကလည်း ဦးစီးမှူးဖြစ်သွားပြီဖြစ်ရာ ဤနေရာ‌တွင် ခြံနှင့်၀န်းနှင့် အိမ်တစ်ဆောင်၊ မီးတစ်ပြောင်အပြင် ဟိုဟိုဒီဒီသွားဖို့ ကားလေးတစ်စီးပါ ရှိနေလေပြီ... စသဖြင့် ဒီနှစ်တွေအတွင်း အိမ်မှာနည်းနည်းတော့ အဆင်ပြေလာသည်ဟု ပြောနေသော မေမေ့အသံက ကားလေးအတွင်း၌ ပျံ့လွင့်နေ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now