Into the Dark 3

921 109 12
                                    

[Unicode]

( မြရွှေတောင်ပုပ္ပား မြင့်မား၀တိံတိုင် )

မျက်လုံး မှိတ်ခါနီးဆဲဆဲတွင် ပေါ်လာသော သီချင်းသံကြောင့် နားစွင့်မိလိုက်သည်။ အပြင်ဘက်မှာ မိုးဝေရှိသည်မို့ သူဆိုနေတာပင် ဖြစ်ရပေမည်။

( စုံတောမြိုင် ဂနိုင်ချောင်က ××× ပန်းစကားမာလာကြိုင် ××× ရွှေနှင့်များ ရိုးစွဲထင်မှားနိုင် ××× ဟေ၀န်စုံမြိုင် ရင်သပ်ရှုမောလောက်ဖွယ် )

ရနေသော သီချင်းသံကြောင့် လိုက်ကာ ဆိုညည်းရင်းမှ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ထိုပြတင်းပေါက်နားတွင် ခုံရှည်တစ်ခု ရှိသည်ကို ဟိုနေ့က မိုးဝေပြောပြထားသဖြင့် သောင်ယံ သိပြီးဖြစ်သည်။ ယခုလည်း ထိုနေရာတွင်ထိုင်ကာ ဆိုနေသည်ဟု ထင်မိသဖြင့် တံခါးဖွင့်လိုက်ခြင်းပင်။

"အစ်ကို နိုးသွားတာလား"

"ငါ မအိပ်သေးပါဘူး။ ရတယ် ဆက်ဆို။"

( ထူးတဆန်းဆန်း စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင် ××× ကြည်နူးဖွယ် ကေသီခိုင် ××× ကြွမြန်းခဲ့တော့ ပုပ္ပားတောင်မဏ္ဍိုင် )

"မဏ္ဍိုင်ရဲ့သဘောဆိုတာက ဘယ်တော့မှ မပြိုလဲ၊ မယိမ်းယိုင်ဘဲနဲ့ အခုရော၊ နောင်ရော အမြဲတမ်းတည်ရှိ‌နေသလို ဦးအပေါ် ထားတဲ့ ကိုယ့်ရဲ့အချစ်ကလည်း ဘာအကြောင်းကြောင့်နဲ့မှ မယိမ်းယိုင်စေရဘူးလို့ ကတိပေးတယ်"

ပုပ္ပားတောင်မဏ္ဍိုင်နှင့် ခိုင်းနှိုင်းကာ သူကတိပေးခဲ့သည်။

"တစ်နှစ်ပဲ။ ကိုယ် ပင်ပန်းရလည်း တစ်နှစ်ပါပဲ။ ဦး ဘွဲ့ရပြီးသွားမှ အလုပ်လုပ်။ အခု ကိုယ့်စကားကို နားထောင်။ ဟုတ်ပြီလား။ ပြီးတော့ ဦးသာ ကိုယ့်ကို အမြဲ ပြုံးပြနေရင် ကိုယ် ဘယ်တော့မှာ ပင်ပန်းမှာ မဟုတ်တော့ဘူး။"

ထိုကဲ့သို့လည်း ဆိုခဲ့ပြန်‌သေးသည်။

တစ်ချိန်တစ်ခါတုန်းက ပျော်ရွှင်ကြည်နူးစေသော စကားများ ဆိုခဲ့သူသည်။ ယခု၊ ယခုအခါတွင်ကား။ ဘယ်နေရာမှာများ ရောက်ရှိ နေထိုင်‌နေပါသလဲ။

စိမ်းရက်လေသူဟု အမည် မတပ်ချင်သော်လည်း လတ်က သူ့အပေါ် အမှန်တကယ်ပင် စိမ်းခဲ့ပါလေသည်။ သူ့ဘ၀ထဲတွင် လတ်မရှိလျှင် မနေနိုင်မှာစိုး၍ အတင်း ချိုးနှိမ်ခဲ့ရသော စိတ်များသည် စကားလေးများ ပြောရုံနှင့် အလိုလို ပြေလျော့ခဲ့ရသည်။ သူ့အားဘယ်သောအခါမှ လက်မလျှော့ချင်လာအောင် လတ်က စွမ်းဆောင်ခဲ့သည်။ ဘယ်တော့မှ မမုန်းနိုင်အောင်လည်း လတ်က ချစ်ပေးခဲ့ပါသည်။ သို့သော်...ထိုအရာတွေက အတိတ်မှာသာ ကျန်ခဲ့သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Tempat cerita menjadi hidup. Temukan sekarang