Unicode
အချိန်ခဏစောင့်ပြီးသောအခါ ညီလေးစိုးပေါက်က စက်ဘီးလေးနဲ့ အိမ်ရှေ့ကနေ လာခေါ်လေသည်။
" ကိုကြီး လာ သွားကြမယ် "
ညီလေးခေါ်သဖြင့် ထိုင်နေရာမှ ထကာ အိမ်အောက်ဆင်းမည်အပြု
" ဟယ် မောင်လေး ဘယ်သွားဖို့လဲ ဟာ စိုးပေါက် နင့်အစ်ကို ကိုဘယ်ခေါ်သွားဖို့လဲ "
" ကိုကြီးက ဟိုဖက်တွေ မရောက်ဖူးသေးဘူးလေ သူမရောက်ဖူးသေးတဲ့ နေရာတွေ ပို့ပေးမလို့ပါဗျာ "
အကျိူးအကြောင်းပြောပြတော့ အစ်မက
" အေး အေး ဂရုစိုက်သွားအုံးနော် စိုးပေါက် ကိုကြီးကို သေချာစောင့်ရှောက်နော် ကိုကြီးက သူစိမ်း နင်က ရွာခံ "
"အင်းပါ အစ်မရယ် စိတ်ချပါ ကဲ လာပါဗျာ နောက်ကျနေပြီ
အမြန်လာဖို့ ခေါ်နေသဖြင့် ဖိနပ်စီးကာ ညီလေးရဲ့ စက်ဘီးနား သွားလိုက်သည်။
" စိုးပေါက် မင်း ငါ့ကို နိုင်လို့လား ကြည့်လဲလုပ်နော် တော်ကြာ နှစ်ကောင်လုံး ကြွနေမယ် "
" ဟီး မနိုင်ဘူး ကိုကြီး စက်ဘီး နင်းတတ်လား "
မေးလိုက်တော့ လူကို ဘုကြည့်လာကြည့်တဲ့ ကိုကြီးတတိုင်းရ ။
" ငါ မြို့မှာ ကားမောင်းနေကျ ကောင်ပါကွာ "
ပြောပြီး လက်ထဲမှ စက်ဘီးဂိုက်အား ယူလေတော့ လက်လွှတ်လိုက်ပြီး
" စကျွမ်းကြီးပေါ့ "
" ဘယ်ကသာ မနင်းတာကြာတော့ မသိဘူးလို့ ပြောမလို့ နင်းတုန်းကတောင် သူများခြံတွေ ခန ခန ဝင်တိုက်တယ် "
"မေးမိတဲ့ ငါ့အမှား " ဟုသာ စိတ်ထဲ ပြောလိုက်ရင်း ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိတော့သည်။
ယုံကြည်လို့ရော ရပါ့မလား.......။" ကိုကြီး ရပါ့မလား လမ်းလျှောက်ကြ......"
" ဘာလမ်းမှ မလျှောက်ဖူး လာ ငါ နင်းမယ် စိတ်ချ "
ဂလု...
" သား သား... ယုံကြည်မယ်နော် ""အေးပါဟ ယုံကြည်လိုက် နောင်တ ရစေရမယ် "
" ဗျာ......! "
YOU ARE READING
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)