Unicode
လူကုန်ထံတွေနေတဲ့ပတ်ဝန်းကျင်ဖြစ်တဲ့အတွက်တိတ်ဆိတ်မှု့သာကြီးစိုးလို့နေသည်။ခြံအကျယ်ကြီးတွေရဲ့အလယ်မှာ ပုံစံဒီဇိုင်းမျိူးစုံနဲ့မြောက်များစွာသောတိုက်တွေ မရေမတွက်နိုင်အောင်တည်ရှိနေသည်။သို့သော်လည်း ခြံအကျယ်ကြီးတစ်ခုရဲ့ အလယ်မှာခမ်းနားလှပတင့်တယ်စွာနေရာယူထားတဲ့ ၃ထပ်တိုက်ကြီးအတွင်းတွင်တော့ ကမ္ဘာပျက်နေခဲ့သည်။
"တ တိုင်း ရ............"
"အား...... ဘာလဲ ဘာဖြစ်တာလဲ မီးလောင်တာလား ဘာဖြစ်လို့လဲ"
ပါးစပ်ကပြောရင်း လူကလည်းအိပ်ရာပေါ်မှအမြန်ထကာ လိုက်ကာတွေကိုဆွဲဖွင့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
"ဘာသံလဲဟ ဘာမှလဲမဖြစ်ပါဘူး အား... အိပ်ကောင်းနေတာကိုကွာ ဘယ်ကောင်နှောက်ယှက်တာလဲ"
စိတ်ပေါက်ပေါက်နှင့် ထအော်လိုက်တော့ အောက်ထပ်ဆီမှ"မင်းအဖေ မင်းအဖေ ဘယ်ကောင်မှမဟုတ်ဖူးအခုချက်ချင်း ဧည့်ခန်းကို လာခဲ့စမ်း"
အိမ်အောက်ထပ်မှ ဒယ်ဒီဖားသားရဲ့အသံနက်ကြီးက ဟိန်းခနဲထွက်လာတော့ လူပင်လန့်၍ ကိုယ်ပင်တုန်သွားတော့သည်။ အလျင်အမြန်စားပွဲပေါ်မှနာရီအား အကြည့်ပို့လိုက်မိတော့ လက်တံအတိုလေးက နံပါတ်၁၁ကို ညွှန်ပြနေပြီး လက်တံအရှည်က နံပါတ်၁၂တည့်တည့်မှာ။"ဟင် ဒီချိန် ဖေဖေက companyမှာရှိနေရမှာပါ ဘာလို့ အိမ်မှာရှိနေသေးတာလဲ"
တတတစ်ယောက် အတွေးပင်မဆုံးသေး အောက်ထပ်ဆီမှ"တတိုင်းရ အခုထိ ဆင်းမလာသေးဘူးလား"
ဒေါသသံနဲနဲစွတ်နေသော ဖေဖေ့အသံကြောင့်အမြန်ပင်"လာပြီ လာပြီ ခနလေး"
အမြန်ပြန်ပြောရင်း toiletခန်းထဲ အမြန်ပြေးဝင်ရေတာ့သည်။ကိစ္စဝိစ္စအကုန်ပြီးစီးတော့မှ ရေချိူးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်နေရင်းအရှေ့မှမှန်အား အကြည့်ရောက်လိုက်တော့ 'အယ့်လယ့် ငါတော်တော်ချစ်ဖို့ကောင်းတာပဲ'ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဆာလိုက်ရင်း ရေချိူးခန်းထဲမှထွက်ကာ အဝတ်ခန်းဆီအမြန်သွားပြီး အစိမ်းရောင်T-shirtနှင့် jjဘောင်းဘီအစိမ်းရောင်ကိုသာ အမြန်ဝတ်လိုက်သည်။ အောက်ထပ်သို့ တစ်လှမ်းချင်း ဆင်းလာနေရင်း အောက်ထပ်ရောက်ခါနီး လှေကားအနည်းငယ်အလိုတွင်
![](https://img.wattpad.com/cover/245777378-288-k790462.jpg)
YOU ARE READING
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)