Unicode
တတ တစ်ယောက် ညက စောစောအိပ်ရာ ဝင်ခဲ့သည်မို့ စောစောနိုးလာတယ်.......................
လို့ မထင်ပါနဲ့ ၉နာရီ ၁၀မိနစ်မှ နိုးလာခဲ့လေသည်။ဝှား...
" အင်း... အိပ်လို့်ကောင်းလိုက်တာ "
နာရီအား အကြည့်ပို့မိလိုက်တော့
" အမလေး ၉နာရီကျော်နေပြီ ဟာ နောက်ကျတော့မှာပဲ နောက်ကျရင် ငတ်မှာ အား......"
အိပ်ရာထဲက အမြန်ကုန်းထရင်း မျက် နှာသစ်ရင်း ရေပါတစ်ခါတည်း ချိူးရန် ပြင်ရတော့သည်။ တစ်ယောက်ထဲ ပြာယာခတ်နေပြီး
ဝရုန်းသုန်းကား ဖြစ်နေသည်ကို ကြည့်မရတော့ဘူးထင်ပါသည်။ အဘတစ်ယောက် မနေနိုင်စွာ
လှမ်းမေးတော့သည်။" မြေး ဘယ်သွားဖို့ရှိလို့ အခုလို အလျင်လိုနေတာတုန်း "
" အလှူ အဘရေ အလှူ သား အလှူသွားရမှာမို့လို့ အခု နောက်တောင်ကျနေပြီ "
အဘကို ပြန်အော်ရင်း ကျောက်စည်ပိုင်းတွင် ရေအမြန်ချိူးရတော့သည်။ အရင်လို မကြိုက်တာတွေ၊ အဆင်မပြေတာတွေ ဘာမှ မတွေးမိတော့ပါ။ အမြန်ချိူးပြီး အိမ်ပေါ် အမြန်ပြန်တက်လာပြီး အိတ်ထဲက ပါလာသော စတစ်လက်ရှည် အညိုရောင်လေးနှင့် ပုဆိုးအနက်အကွက်စိတ်လေးတွေပါသည်ကို ရွေးချယ်ကာ ထုတ်လိုက်သည်။ အင်္ကျီဝတ်ရင်း ကြယ်သီးတွေ တပ်ရတာ စိတ်မရှည်သဖြင့် အမေ့အား ခေါ်ရတော့သည်။
" အမေရေ လာပါအုံး သားကို ဒီကြယ်သီးတွေ လာတပ်ပေးပါအုံး "
" အော် သားရယ် နေပါအုံး ဘယ်သွားမလို့လဲ ဒီလို ဝတ်ပြီး "
မီးဖိုချောင်ထဲက ထွက်လာသော အမေက မေးလေသည်။
" အလှူ အမေရ သားကို ဖိတ်ထားလို့ အမေရာ မြန်မြန်လုပ်ပါ သား နောက်ကျရင် ငတ်မှာ "
" အေးပါ လုပ်နေတယ်လေ ငြိမ်ငြိမ်နေပေး "
ပြောလိုက်တော့မှ ပါးစပ်ရော ခန္ဓာကိုယ်ရော ငြိမ်သွားတော့သည်။ ကြယ်သီးတွေ အားလုံး တပ်လို့ပြီးတော့ တတ ဖုန်းလေး မြည်လာတော့သည်။
အမြန်ကိုင်လိုက်ပြီး ပြန်ထူးလိုက်တော့သည်။
YOU ARE READING
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)