Epi - 40 ( final)

6.2K 227 23
                                        

Unicode

အချိန်တွေ တဖြည်းဖြည်းနှင့်ကုန်လာလိုက်တာ
မနက်ဖန်ပင် အသည်းညှာ၏ ဘွဲ့ယူမည့်ရက်။
ဒီနေ့က အကြို ဘွဲ့ယူလေ့ကျင့်သည့်နေ့။

လည်ကတုံး အဝါရောင်လေးနှင့် ပုဆိုးအကွက်စိတ် အဝါလေးကို ဝတ်ထားသည့် အသည်းညှာသည် အလွန်ပင် ချစ်ဖို့ကောင်းနေပါသည်။

ကျောင်း၏ ဝင်ပေါက်ကနေ တည့်တည့်လျှောက်လာလျှင် အဆုံးမှာ ခမ်းနားလှပသော ဘွဲ့နှင်းသဘင်ခန်းမကြီးရှိသည့် အဆောက်အအုံကြီး။ ထို အဆောက်အအုံကြီး၏ မျက်နှာစောင်းထိုးမှာတော့ နဂါးရုံစေတီတစ်ဆူရှိသသည်။
စာမေးပွဲနီးကာမှ စာမကျက်ပါပဲ အောင်ချင်သည့်သူများ ၊ ခွေးမဖြစ်ချင်သည့် သူများ ဆုတောင်းကြသည့် ဘုရား။

ဒီနေ့တော့ အမေနှင့်အဖေက မလိုက်တော့။
ကျွန်တော် ဘွဲ့ယူရမည်မို့ ဂိုးလ်တို့ မိသားစုပါ ရောက်နေလေသည်။ ဂိုးလ်၏ ဒယ်ဒီရော မာမီရောလည်း အဖေနှင့် အမေတို့နှင့်အတူတူ နေရာစုံကို လျှောက်လည်နေကြသည်။

ဒီတော့ ကျွန်တော့်ရဲ့ ဘွဲ့ကြိုရက်ကလေးမှာတော့ ချစ်ရသည်​့ မကြာခင် ခင်ပွန်းလောင်းဖြစ်လာမည့်သူကြီးက သူကိုယ်တိုင် ကားမောင်းကာလိုက်ပို့ချင်ပါသည်ဟု ပြောလာသည်ကို လက်ခံလိုက်သည်။

ဒီနေ့က အသည်းညှာအတွက်လည်း အရေးကြီးသလို ကျွန်တော့်အတွက်လည်း ထပ်တူအရေးကြီးသည်။ အသည်းညှာသည် နောက်ဆုံးတော့ ဘွဲ့ယူရတော့မည်။ နောက်အပတ်ထဲတွင်
ကျွန်တော့်နှစ်ယောက် တစ်ဘဝစာအတွက် လက်တွေ တဲွဲကြတော့မည်။ တွေးမိရင်း ကြည်နူးရသည်မို့ ပြုံးလိုက်မိတော့

" ဘာတွေ ပြုံးနေတာလဲဗျာ "

Lover seat မှာ ထိုင်ကာ ကျွန်တော့်ဘက်ကို လှည့်ကာ မေးလာပါသော အသည်းညှာ။ ပါးလေးကို အသာဖျစ်လိုက်တော့ ​ပါးလေးတွေ မို့တက်သွားအောင် ပြုံးလေသည်။

" အော် မကြာခင် ေဟာ့ဒီလို လက်ချင်းတွဲရတော့မှာကို တွေးမိပြီး ကြည်နူးသွားလို့ပါဗျ "

ပါးစပ်ကလည်းပြောရင်း လက်ကလည်း ရရ၏လက်ကို သူ့လက်ကြီးနှင့်လာယှက်ကာချိတ်လေသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Onde histórias criam vida. Descubra agora