Unicode
အချိန်တွေတစ်ရွေ့ရွေ့ ကုန်ဆုံးလာပြီး ၁၁နာရီကျော်လာချေပြီ။ အချိန်တွေကလည်း ဒီနေ့မှ အကုန်နှေးလွန်းသည်ဟု ခန့်ရွှေစည်တွေးလိုက်မိသည်။စိတ်ထဲမှလည်း ဝါပုလေးနှင့် ချိန်းထားသော အချိန်ကိုအမြန်ပင်ရောက်ချင်နေချေပြီ။
မာမီကတောင် မေးနေပြီ။ ထိုင်လိုက်ထလိုက် လုပ်နေ၍ မျက်စိနောက်လာသည့်ပုံပင်။ မတတ်နိုင်ပေ လူက နှလုံးအခုန်လွန် ရူးသွားနိုင်သည်မို့။"သားခန့် အလုပ်ကိစ္စ ချိန်းထားတာရှိလို့လား ဒါမှမဟုတ် ပြသနာတစ်ခုခုဖြစ်လို့လား နာရီတကြည့်ကြည့်နဲ့ ထိုင်လိုက်ထလိုက်နဲ့"
"အာ ဘာပြသနာမှ မရှိပါဘူး မာမီ သား ချိန်းထားတာလေးရှိလို့"
"ဘယ်လဲ သားရဲ့ ဒီမှာ သူငယ်ချင်းတွေ ဘာတွေရနေပြီလား"
"မရပါဘူး ဒယ်ဒီ ဟိုတစ်နေ့က ကူညီပေးလိုက်တဲ့ ညီလေးတစ်ယောက်ပါ"
"အော် အေးပါ အေးပါ သားရယ် နေတွေပူတယ် ဂရုစိုက်အုံးနော်"
"ဟုတ်ကဲ့ ဒယ်ဒီ"
မတတ်နိုင် ဒီလိုပဲ ပြောတတ်ရတာပေါ့။ တကယ်လည်းဟုတ်နေတာပဲလေ။ ဝါပုလေးကို မိမိကူညီလိုက်တာပဲဟာ ပြီးတော့ ဝါပုလေးက မိမိ၏ညီလေးလိုပင်။အချိန်ကလည်း တဖြည်းဖြည်းနီးကပ်လာသည်မို့ ရေမိုးချိူးပြင်ဆင်ရတော့သည်။စိတ်ထဲမှလည်း မြတ်နိုးရသော ဝါပုလေးအား သိစေချင်မိသည်ကို ပြောလိုက်မိသည်။
'မင်းတော့ မသိဘူး ဝါပုလေးရေ ကိုယ်ကတော့ မင်းနဲ့ထပ်တွေ့ရမှာကို အရမ်းတွေ စိတ်လှုပ်ရှားနေတယ်'
ဘထွေးတို့အိမ်သို့ မနေ့ကလာသည့်လမ်းအတိုင်း လာလိုက်တော့ တန်းတန်းမတ်မတ်ရောက်လာလေသည်။တော်သေးသည်ဟု ဆိုရမည် ဒီလောက်လေး မှတ်မိနေတာပင်။ မှတ်မိနေသော မိမိ၏ ဦးနှောက်လေးအား တတ ရွှေသာချထားချင်မိသည်။ တော်လွန်းလို့ ဟဲဟဲ။ဘထွေးအိမ်ကိုရောက်တော့ ဘထွေးက ယာထဲသွားသည်ဟု အဖွားကပြောလေသည်။ အမကလည်း ရွာကြီးရှိသူ့အဒေါ်တို့အိမ် သွားလေသည်မို့ အိမ်တွင် အဖွားတစ်ယောက်သာရှိသည်။အဖွားက ထမင်း၊ဟင်းတွေအကုန် ကျက်နေသည်မို့ တတ တို့ စသုံးလုံး စလုပ်တော့သည်။
YOU ARE READING
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)