𝙴𝚡𝚝𝚛𝚊 - 2

2.3K 147 24
                                        

Unicode

ထမင်းစားဝိုင်းတွင် အသည်းညှာကို စောင့်နေရသော ခန့်ရွှေစည်။ ထမင်းစားချိန်မို့ အခန်းထဲ အိပ်နေသည့်အသည်းညှာကို မနဲနှိုးကာ ရေချိူးခိုင်းပြီး အောက်ထပ်ဆင်းလာခိုင်းထားရသည်။

အစားဆို နှစ်ခါခေါ်စရာမလို့သည့် ကျွန်တော့်အသည်းညှာကတော့ ချက်ချင်းထကာ ရေချိူးခန်းပြေးတော့သည်။ အသည်းညှာဝတ်ဖို့ အဝတ်တွေ ထုတ်ပေးခဲ့ပြီး ဆင်းလာကာ ထမင်းစားဖို့ ပြင်နေလိုက်သည်။

ကျွန်တော်ကိုယ်တိုင် အသည်းညှာအတွက် ဟင်းချက်ပေးဖြစ်သည်။ တစ်ခြားသူတွေဆို အသည်းညှာကျန်းမာရေးအတွက် ပူပန်နေရမည်ဆိုး၍ အသည်းညှာနှင့် ပတ်သက်သည့် တော်တော်များများ ကိစ္စအဝဝကို ခန့်ရွှေစည် ကိုယ်တိုင်သာ လုပ်ပေးပါသည်။

ဒီနေ့လည်း အသည်းညှာစားဖို့ ကိုယ်တိုင်ချက်ထားသည်များကို စားပွဲပေါ်အကုန်အဆင်သင့်ချပေးထားပြီးပြီ။

ထမင်းစားခန်းထဲ ဝင်လာသည့် အသည်းညှာသည် ဂိုးလ် ထုတ်ပေးခဲ့သော T - shirt အပြာရင့်လေးနှင့် jjဘောင်းဘီအရှည် အပြာရင်လေးကို ဝတ်ထားသည်မို့ အရမ်းကို ချစ်စရာကောင်းလွန်းနေသည်။

ဖြစ်နိုင်လျှင် အိမ်ထဲမှာပဲ ထားကာ ခန့်ရွှေစည်အလှထိုင်ကြည့်နေချင်ပါသော်လည်း အသည်းညှာသည် အရွယ်ရောက်နေသည့်အမျိူးသားလေးဖြစ်နေချေပြီ။ သူ့မှာလည်း သူ့ဝါသနာ ၊ သူ့ရည်မှန်းချက် ဆိုတာ ရှိမှာပင်။ ခန့်ရွှေစည် မပိတ်ပင်ချင်ပါ လွတ်လပ်မှု့ကို အပြည့်အဝပေးထားပါမည်။

အနားကိုရောက်လာပြီး စားပွဲပေါ်မှ ဟင်းပန်းကန်တွေကိုကြည့်ကာ သရေယိုနေသူက မည်သူလဲ ပရိသတ်ကြီး.....................။

......................................................

အမောင် တ တိုင်း ရ ပဲပေါ့။

" Wowww..... ချစ်ဖို့ကောင်းလိုက်တာ ရရယောကျာ်းကြီးက အာဝါး အာဝါး "

ကဲကြည့် သူ့သဘောကျလုပ်ပေးရင် ခန့်ရွှေစည်
အခုလို အာဝါးတွေ ရတယ်ဗျ...။ အဲ့လိုပဲ လုပ်တတ်ရတာပေါ့ အာဝါး လိုချင်တော့လည်း။

" ကဲ အသည်းညှာ လာစားတော့ နောက်ကျနေပြီ "

ခန့်ရွှေစည် ေပြာတာတောင် နောက်ကျနေပြီ
အသည်းညှာကတော​့ ကျွန်တော်ထည့်ပေးတာတောင် မစောင့်တော့။ သူ့ဘာသာသူ ခူးနေလေပြီ။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now