𝙴𝚡𝚝𝚛𝚊 - 4

2K 125 16
                                        

Unicode

ရရတို့သူငယ်ချင်းတွေ မ​တွေ့တာကြာပြီမို့ ဒီနေ့တော့ တွေ့ရအောင်ဆိုကာ ချိန်းလိုက်ကြသည်။
သူငယ်ချင်းတွေနှင့်တွေ့ဖို့ ရရပြင်ဆင်နေခြင်း။
ချစ်ရသော ဂိုးလ်သည်လည်း company သွားဖို့
ပြင်ဆင်နေသည်။

အပြင်သွားဖို့အတွက် ရရ အဝတ်တွေရွေးလိုက်သည်။ T - shirt အပြာနုလေးနှင့် jjဘောင်းဘီရှည် အနက်လေး။ ဟဲဟဲ ရရမှာ အပေါဆုံးက
T- shirt နဲ့ jjပဲ ။

" အသည်းညှာ ပြီးပြီလားဗျာ "

အဝတ်လဲခန်းအပြင်က ဂိုးလ်၏ အသံကြောင့်
ရရ အပြင်ထွက်လာလိုက်တော့

" အသည်းညှာ ဒီလိုဝတ်သွားဖို့လား မရဘူးနော်
အနွေးထည်ဝတ် ဦးထုပ်စောင်း mask တပ် လာ လာ "

လူကို ဘယ်နေရာမှ မပေါ်တော့အောင် လုပ်နေသော သဝန်ကြောင်လွန်းသည့် ဘဲကြီး။ တကယ်ပါပဲ လူကိုစောင်နဲ့သာ ပတ်သွားပါတော့လား။

" ကဲ ဘယ်လိုဖြစ်နေလဲ မပူနဲ့ ဦးထုပ်စောင်းမှာ
အနွေးထည်နဲ့ maskတော့ မတပ်ချင်ဘူး ရာသီဥတု ပူရတဲ့အထဲ နော် နော် ဂိုးလ်လို့..."

ရရ ချွဲရင် ခံနိုင်ရိုးလား ဘဲကြီးရာ ဟင်း ဟင်း....။
အခုလို ခွျဲဲလိုက်တော့ ဂိုးလ် ပြန်ပြောလာသည်က

" အင်း....... အသည်းညှာ အဲ့လိုဝတ်ချင်တယ်ဆိုလဲ သဘောဗျာ သဘော "

ရရကို ဦးစားပေးကာ အမြဲလိုလိုက်သည့်
ချစ်ရသောယောကျာ်းကို ခြေဖျားထောက်ကာ
အာဝါးပေးလိုက်သည်။

" ကားပေါ်က စောင့်နေမယ်နော် "

လူကို ခြေထောက်တွေ မခိုင်တော့အောင် လုပ်သွားပြီး သူလေးကတော့ ပြေးထွက်သွားလေပြီ။
ကျန်ခဲ့သည့် ခန့်ရွှေစည်မှာသာ ပါးစပ်ကြီး နားရွက် တတ်ချိတ်တော့မည့်အတိုင်း။

အသည်းညှာတို့ သူငယ်ချင်းတွေ ဆုံမည့်ဆိုင်ကို
မောင်းလာလိုက်ပြီး အသည်းညှာကို ထားခဲ့ကာ
company ဆက်သွားသည်။
စိတ်မချပေမဲ့လည်း အခုဆုံကြမှာက အသည်းညှာ၏ သူငယ်ချင်းတွေပဲလေ ဟုသာ စိတ်ဖြေနေရသည်။

ရရ ဟိုကောင်တွေနှင့် ချိန်းထားသည့်ဆိုင်ကို ရောက်နေပြီ။ ဦးထုပ်အနက်ရောင်လေး စောင်းထားသည့် ရရက ဆိုင်ထဲက လူတွေရဲ့အကြည့်ကို အများဆုံးယူထားသည့်ကောင်လေး။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now