About Ta Tine Ya

5.3K 372 19
                                        

Unicode

ကျူပ်နာမည်က "တတိုင်းရ"

ဘာတဲ့လဲ ပရိသတ်ကြီး

"တ တိုင်း ရ"

ကျူပ်အကြောင်းဆိုရင်တော့ အင်း......

ကျူပ်က ဦးနေဒီတတိုင်းနှင့်ဒေါ်မြတ်ခွါညိုရတို့ရဲ့ တစ်ဦးတည်းသော အဖိုးတန်ရတနာသားလေးဖေဖေကလဲ အလိုလိုက်ပြီး ချစ်သလို မေမေကလဲ တစ်ခါတစ်ခါ နားပူတာကလွဲ ချစ်တာကတော့ ချစ်ပါတယ်။

ကျူပ်ရဲ့ပညာရေးကတော့
PHYSICS MAJOR (second year)
နေတာက ပုသိမ်မှာဆိုတော့ PATHEIN UNIVERSITY မှာပဲတတ်တယ်။

ကျူပ်မှာ တစ်ဖက်သက် ကြိတ်ချစ်နေရတဲ့သူရှိတယ်ဗျ။ ဒါပေမဲ့ သူကတော့ ကျူပ်ကို ရှိတယ်လို့တောင် မထင်ဘူး ဟဟ ရီရတယ် သိလား။ လူတွေကလေ ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေကို သိပ်လိုချင် တပ်မက်ကြတာ ကျူပ်လဲအပါအဝင်ပေါ့။

ကျူပ်ရဲ့မျက်နှာသွင်ပြင်ကတော့ စောက်ချောကြီးပါ ဝါး ဟား ဟား....

တကယ်ပြောတာဗျ
မျက်နှာက ဝိုင်းတယ်၊ပြေပြစ်တဲ့နဖူးလေးရှိတယ်၊မထူမပါး အနေတော် မျက်ခုံးမွှေးတန်းလေးနှစ်ခုရဲ့အလယ်မှာတော့ ဖြောင့်စင်းတဲ့နှာတံရိုးလေးက ကျနစွာနေရာယူတည်ရှိနေတယ်၊မျက်ဝန်းတွေက ဝိုင်းစက်ပြီး မျက်အိမ်တွေကမဲနက်နေတယ်၊သဘာဝအတိုင်းကော့ညွှတ်နေတဲ့ မျက်တောင်ရှည်ရှည်လေးတွေနဲ့ခပ်လိုက်တိုင်း ကြွရွစွာတည်ရှိနေတယ်၊ ဆေးရဲ့အကူမပါပဲပြေပြေလေးနီရဲနေတဲ့ နှုတ်ခမ်းမထူမပါးတစ်စုံလေးနဲ့ ကျူပ်က အပြင်ထွက်လိုက်တိုင်း မဒီတွေရော ပုရိသတွေရောက လည်ပြန်လှည့်ရတဲ့ ရုပ်ရည်ဗျ။

အော် ပြောရအုံးမယ်၊ ကျူပ်မှာက ရယ်လိုက်တိုင်းပေါ်လာတဲ့ သွားစွယ်နှစ်ဖက်ရှိတယ်ဗျ(သွေးစုတ်ဖုတ်လိုပဲ)၊ဘယ်ဖက်ပါးတစ်ဖက်ပေါ်မှာတော့ ပါးချိူင့်မမည်တဲ့ ပါးချိူင့်လေးရှိတယ်၊ဒီပါးချိူင့်လေးက မေမေ့ဆီကအမွေလေးဗျ၊

ပိုက်ဆံတွေသုံးလို့မကုန်၊ဖြုန်းလို့မကုန်အောင် ရှိနေတဲ့ဘဝမှာ လူတွေကအရာရာပြီးပြည့်စုံနေပြီလို့ ထင်ကြတယ်၊တကယ်တော့ ဒီဘဝကြီးကသိပ်စိတ်ပျက်ဖို့ကောင်းတာ သူတို့မသိကြဘူး။
လူတွေက သူတို့ရဲ့အမြင်နဲ့ပဲဆုံးဖြတ်တတ်ကြတယ်၊လက်တွေ့ကိုကျ ဘယ်သူမှ မတွေးတတ်ကြဘူး၊မမြင်ကြဘူး။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now