𝙴𝚡𝚝𝚛𝚊 - 5 𝑺𝒑𝒆𝒄𝒊𝒂𝒍

3K 120 20
                                        

Unicode

ရရ အိမ်မှာနေလိုက် ၊ ဂိုးလ်၏ companyကို လိုက်သွားလိုက် ၊ showroom သွားလိုက် လုပ်နေရင်း ပျင်းလာသည်။ လူက အငြိမ်နေတာနဲ့ ရန်ဖြစ်ထားသည်မို့ နေလို့မရ။

ဂိုးလ်ကို ပျင်းလို့ တစ်ခုခုစီစဥ်ပေးပါအုံးလို့ ပြောလိုက်တော့ ချက်ချင်း ခရီးတစ်ခုသွားဖို့ ပြင်ဆင်ပေးသည်။ ပြည်ပကို မသွားတော့ပဲ ပြည်တွင်းကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။ ဂိုးလ်ကလည်း အလုပ်တွေကို အတွင်းရေးမှူး မမေနှင့် လွှဲထားလိုက်လေသည်။

ရရတို့ flight နဲ့သွားဖြစ်သည်။ ကားအကြာကြီး မစီးချင်သည်မို့။ အခု ရရတို့ရောက်နေသည့်မြို့လေးက ရှမ်းပြည်နယ်ထဲက မြို့လေးတစ်မြို့ဖြစ်သည့် ကလောမြို့လေးကို။ ရရက အေးချမ်းတာကို ကြိုက်သည်မို့ ဒီမြို့လေးကို လာလိုက်သည်။
( ကိုယ်လည်း ရှမ်းပြည်ကို အခုထိ မရောက်ဖူးသေးတာမို့ မှားနေတာတွေ့ရင် ဖတ်လို့ရရင် ဖတ်ပါ လုံးဝဖတ်လို့မရရင် ကိုယ့်ကိုပြောပါဗျ)

ကြိုတင်hotelက အခန်းယူထားသည်မို့ အဆင်ပြေသည်။ ရောက်သည့်နေ ဘယ်မှမသွားသေးပဲ hotelမှာပဲ အခန်းအောင်းဖြစ်သည်။
ဒီနေ့အတွက်တော့ အပြင်ကိုထွက်မစားတော့ဘူး။
Hotel ကစီစဥ်ပေးသည့်အစားတွေကိုပဲ စားတော့မည်။

" အသည်းညှာ ရေချိူးမယ်ဆိုလည်း အကြာကြီးမချိူးရဘူးနော် အသည်းညှာက အအေးကြိုက်ပေမဲ့ ပြီးရင် အအေးမိအုံးမယ် မဖြစ်ပါဘူး ကိုယ်
လိုက်ချိူးပေးရမလား "

အခုကတော့ ရရ ရေချိူးမလို့ပင်။ သို့သော် အခုထိ ရေချိူးခန်းထဲ မရောက်သေးပေ။ အကြောင်းကတော့ ဒီဘဲကြီးက ရရရေချိူးကြာမည်ဆိုး၍ မှာနေခြင်း။
အခုထိကို မှာလို့မပြီးသေး။

" ကဲပါ ဒီမှာလူက အေးနေပြီ ကိုယ့်ဟာကိုယ်ပဲ ချိူးပါ့မယ် နှာဘူးကြီးရဲ့ "

ရရ ပြန်ပြောခဲ့ပြီး ရေချိူးခန်းထဲ ပြေးဝင်လိုက်တော့သည်။ အဲ့တော့မှ ရေချိူးရသည့်အဖြစ်။
အပြင်ကနေ လှမ်းအော်လိုက်သည့် ဂိုးလ်၏ အသံကို ကြားလိုက်ရသည်။ ဘာတဲ့ ' မြန်မြန်ချိူးနော် ' တဲ့။

ရရ ရေကိုအမြန်ချိူးရသည်။ မဟုတ်လျှင် လေဖြတ်သွားနိုင်သည်မို့။ ရရ ရေချိူးခန်းထဲကထွက်လာတော့ ဂိုးလ်က ချိူးဖို့လုပ်သည်။
ရရ စချင်လာသည်မို့ ဂိုးလ်၏အနားကို သွားလိုက်ပြီး လည်ပင်းကိုဖက်လိုက်သည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now