Epi - 29

2.8K 227 23
                                        

Unicode

ခေါင်းကို အဆက်မပြက် ညိမ့်ပြနေရင်း ချက်ချင်း ခေါင်းကို ပြန်ခါနေသော အသည်းညှာ။ ကျွန်တော့်ရင်တွေ ပူလိုက်တာဗျာ.....။

" လက် လက်မခံဘူးလားဟင် ရလေး "

အယောင်ယောင် အမှားမှားဖြင့် ကျွန်တော် ခေါင်းညိမ့်မိလိုက်သည်။ ပြီးကာမှ သတိပြန်ရသဖြင်​့ ခေါင်းပြန်ခါလိုက်သည်။ ဒါကို မကြာခင်ပဲ ငိုတော့မလိုရုပ်ကြီးနဲ့ ပြောနေသော လောရှည်ကောင်။

" ဟျောင့် တတိုင်း မင်းကဘာလို့ ခေါင်းခါနေတာလဲ မရဘူးနော် ဟျောင့် မင်း ခေါင်းညိမ့်ပြီးပြီ
လာ လာ အကိုယောက်ဖ သွားမယ် "

ရလေးဘေးက ရလေး၏သူငယ်ချင်းထင်ပါသည် သူက ရလေးကို ဆူလိုက်ပြီး ချက်ချင်း ကျွန်တော့်လက် လာဆွဲကာ အပေါ်ဆုံးထပ်ကို တတ်သွားသော ကောင်လေး။ ရလေးလောက် မချောပေမယ့် ရုပ်ရည် ချောမောသည့်အထဲတော့ပါသည်။

ကျွန်တော့်လက်ကို ဆွဲထားသည်ကိုလည်း လွှတ်မပေးချေ။ ကျွန်တော်လည်း ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်။

ဝင်မိသည့် ဆိုင်ကို ကြည့်မိတော့ KFC ဆိုင်ကြီး။
အော်....... လို့သာ စိတ်ထဲ တွေးလိုက်မိသည်။

ကျွန်တော်နှင့် ရလေးသူငယ်ချင်း ထိုင်နေတာ ခဏအကြာ ရလေးနှင့် ကျန်သူငယ်ချင်း ၃ယောက် ဝင်လာပြီး ထိုင်ကြသည်။ ကျွန်တော့်နားကိုတော့ ရလေးက လာထိုင်လေသည်။ ပီတိတွေ ဖြာသွားလိုက်တာ ဆိုတာ။

" အကိုယောက်ဖ အခု အကိုယောက်ဖက တတိုင်းကို ပိုင်ပြီဆိုတော့ one two three table လောက်တော့ လုပ်လိုက်တော့ အားမနာတော့ဘူး မှာပြီနော် ဟဲဟဲ "

ငသန့်တစ်ကောင် ဘယ်ဘဝထဲက ငတ်လာသည်မသိ အတင်းကို မှာတော့သည်။ ကျန်တဲ့ကောင်တွေကလည်း မှာလိုက်ကြတာ ။ ဘယ်သူမှ ကျွန်တော့်ဖို့ဆိုပြီး မှာမပေးကြဘူး ဟွန့်.....။

" ကြက်သားကြော် ၂ပွဲပေးနော် cola ရောပဲ "

ကိုလောရှည်က မှာစရာရှိတာ မှာလိုက်ပြီး ကျွန်တော့်ဖက် လှည့်ကာ

" ရလေး ရော့ tissue ယူထား "

tissue လေးကို သေချာခေါက်ကာ ကျွန်တော့်အား ကမ်းပေးလာသည်။ အခုလို အစစ အရာရာ
ဂရုစိုက်မှု့တွေကြောင့် ရရ ပျော်ရွှင်ရသည်ကိုတော့ ဝန်ခံပါသည်။ ကျွန်တော့်နှလုံးသားက
စောစောက ကိုလောရှည် ရည်းစားစကားပြောတာခံလိုက်ရတည်းက ခုန်တာ မူမမှန်ချင်တော့။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Место, где живут истории. Откройте их для себя