Unicode
" ရက်စက်လိုက်တာ ရလေးရယ်............ "
အိမ်ထဲမှာသောက်ရင် ဒယ်ဒီနှင့်မာမီ သိကြမည်ဆိုး၍ ခြံထဲဆင်းသောက်ခြင်း။ မိုးရာသီဝင်ခါနီးကာလမို့ စံပယ်တွေလည်း ပွင့်သည့်အချိန်။
ခြံကြီးတစ်ခြံလုံးတွင် ညလေညှင်းနှင့်အတူ
စံပယ်ပန်းနရနံ့လေးတွေကလည်း ပျံ့နှံ့နေလေသည်။သောက်နေတာ ရေချိန်လည်း ကိုက်နေပြီ အရက်လည်း ကုန်သွားပြီမို့ အိမ်ထဲပြန်ဝင်လာလိုက်သည်။ ခန့်ရွှေစည် အခန်းထဲရောက်သည့်တိုင် မအိပ်ချင်သေးသည်မို့ ရေချိူးခန်းထဲဝင်ကာ
ရေပန်းအောက် ရပ်နေမိသည်။ အမူးပြေလာသည်မို့ အဝတ်အစားတွေ လဲလိုက်ရင်း အိပ်ရန်ပြင်လိုက်သည်။ ဘာကိုမှ မတွေးတော့ပဲပေါ့........။ရရတို့ အိမ်ပြန်ရောက်တော့ အချိန်က ည၁၂ နာရီဖြစ်နေပြီ။ အိမ်ပြန်ရောက်တည်းက ကုတင်ပေါ်တတ်အိပ်လိုက်တာ နေဖင်ထိုးမှ နိုးပါသည်။
ဒါတောင် ဇင်မိုးဖုန်းဆက်နှိုးလို့......။" ဟယ်......... "
" ဟယ်တွေ ဟိုတွေ လုပ်မနေနဲ့ ဒီနေ့ ကျောင်းပြန်တတ်ရမှာကွ ငါ မနေ့က မေ့ပြီး မင်းတို့ကို club ခေါ်မိတာကွ ထတော့ သတောင်းစားရေ "
ဖုန်းထဲမှ ဇင်မိုးပြောသည့်စကားတွေကြောင့်
ရရ အိပ်ချင်စိတ်တွေ လုံးဝပျောက်ကွယ်သွားရသည်။ အမြန် ဖုန်းက dateကို ကြည့်လိုက်တော့လည်း ဟုတ်သား ဒီနေ့ ကျောင်းပြန်တတ်ရမည့် ရက်ကြီး။ပိုပြီး လန့်စရာ ကြောက်စရာကောင်းသည်က
ဂိုးလ် ခေါ်ထားသော misscall ပေါင်းများစွာ။ညက ဖုန်းကို လုံးဝ မကိုင်ဖြစ်သလို ဂိုးလ် ကိုလည်း လုံးဝ သတိမရပေ။
သွားပြီ အခုလောက်ဆို ညက club က ပုံတွေပါ
မြင်ချင် မြင်သွားလောက်ပြီပေါ့။ကျောင်းကလည်း နောက်ကျလို့ မရသည်မို့
ရေချိူးခန်းသာ အမြန်ပြေးရတော့သည်။
ပြင်ဆင်စရာရှိတာ အမြန်ပြင်ဆင်ပြီး အိမ်အောက်ထပ် ဆင်းလာတော့ အောက်မှာ အဆင်သင့်စောင့်ကြိုနေသည်က မာတာမိခင်။" သား ညက အိမ်ပြန်နောက်ကျတယ်နော်
သားစည်တောင် ဖုန်းဆက်သေးတယ် သား ဖုန်းကို ခေါ်လို့ မရလို့တဲ့ "
VOUS LISEZ
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)