Unicode
ဂိုးလ်နှင့် စျေးဝိုင်းကြီးထဲက ပြန်ထွက်လာလိုက်ပြီး မနေ့ညက သွားခဲ့သည့် မြစ်ကမ်းဘေးကို အသည်းညှာက ခေါ်သွားလေသည်။
အခုမှသေချာကြည့်မိသည် ကျွန်တော်အသည်းညှာကို ချစ်ခွင့်ပန်တဲ့နေရာ ocean center၏ အရှေ့ဖက်ကို နဲနဲလောက် လမ်းလျှောက်သွားရင်
ရောက်နေပြီဖြစ်သော မြစ်ကမ်းနားလေး။
မနေ့ညက မှောင်နေတာရော အသည်းညှာကို ငမ်းကြောထနေတာကြောင့်ရော ပတ်ဝန်းကျင်ကို သေချာ မကြည့်ဖြစ်လိုက်ခြင်း။ရွှေမုဋ္ဌောဘုရားကြီး ၊ ocean center ၊ မြစ်ကမ်းနားလေးတွေဆိုတာ သိပ်မဝေးကြပေ။
မြစ်ကမ်းနားလေးကို ညဖက်ပဲလာလာ နေ့ဖက်ပဲလာလာ မြစ်ရေပြင်ကို တိုက်ခတ်လာသည့် လေပြည်ကလေးကတော့ ဘယ်အချိန်ချိန် ခံယူ
ခံယူ အေးမျှနေလေသည်။မြစ်ရေပြင်ကိုဖြတ်တိုက်လာသည့် လေတွေကို မျက်နှာလေးမော့ကာ ခံယူနေသည့် ဂိုးလ်ကို ဘေးတိုက်အနေအထားကနေ ငေးကြည့်နေမိသည်က ရရ။ ဒီလူသားနှင့် နှလုံးသားချင်းနီးစပ်သွားကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူး။
ဘယ်လိုဖြစ်နိုင်မှာလဲ နေထိုင်ရာ အရပ်ဒေသတွေကလည်း အဝေးကြီးတွေ။ အဆင့်အတန်းတွေတောင် ကွာဟချင် ကွာဟနေမှာ။
ဒါတောင်မှ ဒီလူသားနှင့် ချစ်ခြင်းဆိုသည့် ပိုးကြိုးမျှင်ကလေး သွယ်ဖြစ်အောင် သွယ်သွားလေသည်။အခုထိ မယုံကြည်နိုင်သေးဘူး။ ရရ၏ နှလုံးသားသည် တစ်စုံတစ်ယောက်ကို အတော်ကြာရင်ခုန်ခဲ့ပါသော်လည်း အခုတော့ ထိုနှလုံးသားကလေးသည် ဂိုးလ်ဆိုသည့် ဦးခန့်ရွှေစည်ကြီးအတွက်သာ ခုန်ရုံသာမက ငလျင်ပါလှုပ်ခံနေရသလိုကိုဖြစ်နေချေပြီ။
ဟူး....... သက်ပြင်းသာ နာနာချလိုက်မိသည်။ခန့်ရွှေစည် မျက်လုံးမှိတ်ကာ လေနုအေးတွေကို
ခံယူနေခိုက် ဘေးကအသည်းညှာဆီက သက်ပြင်းချသံလေး ကြားလိုက်ရလေသည်။
ကျွန်တော့်အသည်းညှာကို ဘယ်လိုအရာတွေကများ လာနှောင့်ယှက်နေပါသနည်း။ ထိုအရာတွေအကုန်လုံးကို တိုက်ထုတ်ပစ်မည်မှာ ကျွန်တော် ခန့်ရွှေစည်တစ်ယောက်တည်းပင်ဖြစ်ရစေမည်။
YOU ARE READING
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)