Epi- 25

2.8K 213 14
                                        

Unicode

အိမ်ကို ပြန်ရောက်လို့ ရေမိုးချိူးပြီးကာ ဒယ်ဒီတို့နှင့် ထမင်းစားလိုက်သည်။ ပြီးနောက် ကိုယ့်အိပ်ရာနေရာဆီ ပြန်လာလိုက်ပြီး ရလေးဆီ ဖုန်းဆက်ရမည့် ၉နာရီသို့ ရောက်ရန် အချိန်ဘယ်လောက် လိုသေးသလဲ ရေတွက်နေမိသည်။

နေ့လည်က အကြောင်းတွေကို သတိရမိတော့လည်း ရင်ထဲက အပူလုံးကြီး ကြွလာပြန်သည်။
​ရလေးဝင်သွားသည့် ခြံကြီးထဲ ကျွန်တော်လည်း လိုက်ဝင်သွားလိုက်သည်။ ရလေးကတော​့ ပါးစပ်ကို မစိတော့။

အရှေ့ကနေ သွားရင်း ပါးစပ်ကလည်း ဒီခြံကြီးအကြောင်းကို ပွစိ ပွစိဖြင့် ကျွန်တော့်အား ရှင်းပြနေသည်။ ကျွန်တော်ကလည်း အလကားရသည့်
အခွင့်အရေးကို အပီအပြင်အသုံးချသည့်အနေဖြင့် ရလေး၏ လက်ကလေးကို ကိုင်ရင်း မျက်နှာလေးကို ငေးနေလိုက်သည်။ အင်း....... ရလေး ဘာတွေပြောသွားသလဲ မသိလိုက်တာကလွဲလို့
ကျန်တာအားလုံး အဆင်ပြေပါသည်။

တစ်နေရာ အရောက် ခြေစုံရပ်လိုက်သည့် အသည်းညှာ။ သူရပ်သည့်နေရာဆီ ကြည့်လိုက်တော့ အတန်းလိုက် ညီနေအောင် စိုက်ပျိူးထားသော မာလကာသီးအလုံးကြီးပင်များ ( ကီလိုမာလကာလို့လဲ ခေါ်ကြသည်။ ) ။

အပင်သည် အရမ်းမမြင့်ပဲ အနေတော်လောက်ပဲ
မြင့်သည်။ မာလကာသီးတွေလည်း သီးနေကြသည်။

ဒါကို ရလေးက ပြုံးပြုံးကြီး ကြည့်နေလေသည်။
မသိလျှင် မာလကာသီးတွေသည် သူအနှစ်နှစ် အလလ ဝေးကွာနေသော ငယ်ချစ်ဦးနှင့် ​ပြန်တွေ့နေသလိုလို။

ကျွန်တော်လည်း ရလေး၏ အဲ့လို အကြည့်မျိူးဖြင့် တစ်ခါလောက် အကြည့်ခံချင်လိုက်တာ။ အခုလို အကြည့်ခံချင်ရင်တော့ ကျွန်တော် လူဘဝကနေ အစားအသောက်တစ်ခုခုအဖြစ် ဘဝပြောင်းမှ ရပေမည်။

" ကိုလောရှည် ရရကို ပွတဲ့ မာလကာသီးလေးတွေ ခူးပေးပါလားဟင် "

အော်...... စားချင်တာ ၊ လိုချင်တာလေး ရှိတော့ ချိူနေတာပဲဗျာ။

" ရလေး ကြံရည်တွေလည်း သောက်ထားသေးတယ်လေကွာ တော်ပြီလေ နောက်နေ့မှ စားပါတော့လား "

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Onde histórias criam vida. Descubra agora