Epi - 38

2.5K 187 14
                                        

Unicode

ဂိုးလ်လည်း ပြန်သွားပြီမို့ အခုတော့ အခန်းထဲမှာ
ရရတစ်ယောက်ထဲ။ သူငယ်ချင်းတွေဆီကိုလည်း မသွားချင်သည်မို့ အခန်းတွင်းသာ အောင်းနေဖြစ်သည်။

စားချိန်တန် ဆင်းစားလိုက်ပြီး စားပြီးတာနဲ့ အိပ်လိုက်သည်။ ဖုန်းလည်း ကိုင်ချင်စိတ်မရှိသည်မို့
ဝေးရာမှာသာ ထားသည်။

ခေါင်းအုံးပေါ် ခေါင်းလေးချရုံရှိသေး စာကြည့်စားပွဲပေါ်မှ ဖုန်းသံမြည်လာသဖြင့် ဂိုးလ်များ ခေါ်တာလား ဆိုသည့် အတွေးဖြင့် အမြန်သွားကိုင်လိုက်ပါသော်လည်း ခေါ်သူက ဇင်မိုး။

ပွဲမဟုတ်ပါစေနဲ့ဟု ဆုတောင်းမိသည်။ အချစ်နာကျနေသည်မို့ အခုချိန် ဘာပွဲမှ မဖြစ်ချင်ပါ။
ဖုန်းကို ယူကာ ကုတင်ပေါ်ပြန်လာလိုက်ပြီး ကိုင်လိုက်သည်။

္" ဟယ်လို........  "

" အမလေး လင်မရှိတော့ဘူးဆို ဖြစ်နေတဲ့ အသံတွေက မယားငယ် တုံးပိတဲ့ အသံမျိူးနဲ့ "

ဇင်မိုး၏ အရွဲ့စကားကို ပြန်ချေပချင်စိတ်မရှိသည်မို့

" ဘာလို့ ဆက်တာလဲ ကိစ္စရှိလို့လား "

မြန်မြန်ပြောပြီး ဖုန်းမြန်မြန်ချမည်ဟု လုပ်သော်လည်း မိချောင်းမသားက စကားကြောကို မရှည် ရှည်အောင် လုပ်လေသည်။

" ဘာလဲ ငါက ကိစ္စရှိမှ ဆက်ရမှာလား ငါက သူစိမ်းလား "

မရတော့ဘူး တတိုင်းရ စိတ်တွေ အဆုံးစွန်ထိ ရှည်ပြီးပြီ လုံးဝ သည်းမခံနိုင်တော့ဘူး။

" သူစိမ်းမဟုတ်ရအောင် မင်းက ငါ့လင်လား
ဟမ် ငါ့ယောကျာ်းလား လီးဖြစ်နေတာလား "

မှတ်ပြီလား အဲ့မှာ။ စိတ်မရှည်တော့ဘူး။

" ဟား ဟား ငါက စတာပါကွာ စိတ်လျော့ စိတ်လျော့  ဖုန်းဆက်တာက ပြောစရာရှိလို့ "

ပြောစရာရှိတာ ေပြာလေလို့ ပိတ်အော်လိုက်ချင်ပါသော်လည်း ရရက လူလိမ္မာလေး လူလိမ္မာလေးဟု နှလုံးသွင်းလိုက်ပါသည်။

" ေပြာ........ "

" အင်း လာမဲ့ အပတ် ကျောင်းတွေ ပြန်တတ်ရတော့မယ်လို့ ပြောမလို့ အာ့ ခုံနေရာဦးဖို့ စောစောသွားမယ်လို့ လှမ်းပြောတာ "

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Tempat cerita menjadi hidup. Temukan sekarang