Unicode
ရရ စက္ကူပုံးတွေနှင့် အိမ်ထဲ မနိုင်မနင်းသယ်ပြီးဝင်လာတာ မြင်တော့ ခြံထဲမှာနေသော ဘဘ ဘူးသီးက အနားရောက်လာကာ
" သားလေး ပေး ပေး ဘဘကို မနိုင်မနင်းနဲ့ သားရယ် ချော်လဲမှဖြင့် "
ပြောပြီး လက်ထဲက ပုံးတွေကို လာသယ်ဖို့လုပ်သည်။
" ရတယ် ရတယ် ဘဘ ဘူးသီး သားဟာသားပဲ သယ်မယ် ဟီး....... ဒါ သားစားဖို့တဲ့ လာပို့သွားတာသိလား ဘဘ ဘူးသီး များကြီးပဲ "
ပြုံးပျော်ပြီး အိမ်ပေါ်တတ်သွားသော ကလေးငယ်။ အပြစ်ကင်းစင်လိုက်တာလို့ ပြောချင်ပါသော်လည်း မျက်နှာက ဒဏ်ရာတွေကို အားနာသဖြင့် မပြောတော့ပါဘူးလေ။
ကိုယ့်ဟာကိုယ် ခြံထဲက ပန်းပင်တွေ ရေလောင်းနေတာကမှ ဟုတ်အုံးမည်။ရရ အူမြူးေနပါသည်။ စက္ကူပုံးတွေကို တစ်ခုချင်းစီကို ဖွင့်ကြည့်မည်မို့ ရင်တွေ ခုန်နေတာလား
တုန်နေတာလား မပြောတတ်။ သေချာတာကတော့ လက်တွေ တုန်နေပါသည်။" အင်း......... ဒီသေးသေးလေးကို အရင်ဖွင့်မယ် "
စက္ကူပုံး အသေးစားလေးကို ဖွင့်ကြည့်လိုက်တော့
ထွက်လာသည်က.......................creamတွေ အများကြီးနှင့် cake ကလေးတစ်ခု။
cakeပေါ်မှာ ပုံဖော်ထားသည်က ဝက်ရုပ်ကလေး။ ရရ သဘောကျစွာ ပြုံးလိုက်မိသည်။
ဒဏ်ရာတွေကိုလည်း မေ့လျက်ပေါ့။နောက်ထပ် စက္ကူပုံးအလတ်လေးတစ်ခုကို ဖွင့်ကြည့်တော့
မာလာရှမ်းကော ပူပူနွေးနွေးလေး။ ပုဇွန်ထုပ်ကြီးကလည်း အကြီးကြီးပဲ။ ရရ အနံ့နဲ့တင် ဗိုက်ဆာလာချေပြီ။
နောက်ထပ် ပုံးတွေကို ဖွင့်ကြည့်တော့
- နန်းကြီးသုပ်
- ကြက်သားသုပ်
- ကြာဇံချက်
- ဂဏန်းမဆလာ
- Spicy
- လက်ဖက်ထမင်းသုပ် ။အကုန်လုံးက ရရ ကြိုက်သည့်အစားအသောက်တွေချည်းပင်။ ရရ အကြိုက်တွေကို ဘယ်လိုသိသလဲ မဆန်းပါ။ ရရသည် အစားအသောက် စားနေချိန်တွင် ပုံလေးတွေ ရိုက်ကာ facebook ပေါ်တင်တတ်သည့်အကျင့်ကလေးရှိသည်မို့ ကိုလောရှည် သိသည်မှာ မဆန်းပေ။
![](https://img.wattpad.com/cover/245777378-288-k790462.jpg)
YOU ARE READING
𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)