1

5K 276 28
                                    

Unicode

3:50 AM alarm ~

" ဂျောင်ဝန်းနား ထတော့ ဒီနေ့မှာလည်းကြိုးစားပါ ပျော်ရွှင်ပါ "

3:51 AM alarm ~

" ဂျောင်ဝန်းနား ထတော့လေ ဒီနေ့လုပ်စရာတွေနောက်ကျကုန်ရင် ဘယ်လိုလုပ်မလည်း "

3:52 AM alarm ~

" ဂျောင်ဝန်းရေ အိပ်ယာကနေထပြီး တစ်နေ့တာကို မြန်မြန်ပြီးအောင် ညကျ စောစောအိပ်ရမယ်လေ "

3:53 AM alarm ~

" ဂျောင်ဝန်းရေ ကျေးဇူးပြုပြီးထပါတော့ ဂျိုကိုင်ပြီးရှိခိုးပါတယ် "

3:55 AM alarm ~

" ယန်ဂျောင်ဝန်းရေ ထတော့ဟ !
၄ နာရီခွဲလို့မှ လေ့ကျင့်ရေးစခန်းမရောက်ရင် အသက်ပျောက်မယ် ။ အိပ်နေတာလား နောက်ဘဝကူးနေပြီလား ရားးးး!!!"

" အား ! လန့်လိုက်တာ ထပြီ ထပြီ "

မျက်လုံးကိုဆတ်ကနဲဖွင့်ပြီး ခေါင်းတခါခါနဲ့
ထထိုင်လိုက်သည် ။

Alarm ထဲကအသံက တခြားသူမဟုတ်
ယန်ဂျောင်ဝန်းကိုယ်တိုင်ပင် ။
ရိုးရိုးတီးလုံးသံတွေဆိုမနိုးလို့ တစ်မိနစ်စီဆက်တိုက် Alarm ချထားပြီး အသံလည်းသွင်းထားသည် ။

ကိုယ့်အကြောင်းကိုယ်သိတာမို့ စောစောစီးစီး
ကိုယ်တိုင်ပဲဖြစ်ဖြစ်အော်တာခံလိုက်ရမှ နိုးမယ်ဆိုပြီး ပေါက်ကရတွေ အသံဖမ်းထားခြင်းပင် ။

( A/n: အဲ့လိုအသံသွင်းထားပြီး alarm ချထားပါ။ သေချာပေါက်နိုးပါတယ် 😔 )

ရေချိုးခန်းထဲဝင် သွားတိုက်မျက်နှာသစ်လုပ်ပြီး
မေမေ့အခန်းထဲကိုခိုးဝင်ရသေးသည် ။

အိပ်ပျော်နေတဲ့ မေမေက ဘာမှမသိ ။
အလှပြင်မှန်တင်ခုံပေါ်မှာတင်ထားတဲ့ ဆံပင်ဖြောင့်စက်ကို အခန်းထဲယူပြေးရသည် ။

" မနက်တိုင်း ဒီလိုလုပ်နေရလို့ နဂိုဆံပင်ကောက်တာကိုမကြိုက်တာ "

ဆံပင်ကိုဖြောင့်စက်နဲ့ သေချာဆွဲပြီးမှ မှန်ထဲကို fly kiss တစ်ချက်လွှတ်လိုက်သည် ။
ဆိုင်သွားဖြောင့်လိုက်ရင်ရပေမဲ့
အဲ့လိုကြီးဖြောင့်တာကကျ ဆံသားပျက်စီးလို့
အိမ်မှာပဲ အကြမ်းဖျင်း ကောက်သားပြေသွားရုံလေး စက်ဆွဲရတာများ မနက်ပိုင်း ။

Fluttering Me : Likey  [JAYWON]✔️Where stories live. Discover now