Unicode
3:50 AM alarm ~
" ဂျောင်ဝန်းနား ထတော့ ဒီနေ့မှာလည်းကြိုးစားပါ ပျော်ရွှင်ပါ "
3:51 AM alarm ~
" ဂျောင်ဝန်းနား ထတော့လေ ဒီနေ့လုပ်စရာတွေနောက်ကျကုန်ရင် ဘယ်လိုလုပ်မလည်း "
3:52 AM alarm ~
" ဂျောင်ဝန်းရေ အိပ်ယာကနေထပြီး တစ်နေ့တာကို မြန်မြန်ပြီးအောင် ညကျ စောစောအိပ်ရမယ်လေ "
3:53 AM alarm ~
" ဂျောင်ဝန်းရေ ကျေးဇူးပြုပြီးထပါတော့ ဂျိုကိုင်ပြီးရှိခိုးပါတယ် "
3:55 AM alarm ~
" ယန်ဂျောင်ဝန်းရေ ထတော့ဟ !
၄ နာရီခွဲလို့မှ လေ့ကျင့်ရေးစခန်းမရောက်ရင် အသက်ပျောက်မယ် ။ အိပ်နေတာလား နောက်ဘဝကူးနေပြီလား ရားးးး!!!"" အား ! လန့်လိုက်တာ ထပြီ ထပြီ "
မျက်လုံးကိုဆတ်ကနဲဖွင့်ပြီး ခေါင်းတခါခါနဲ့
ထထိုင်လိုက်သည် ။Alarm ထဲကအသံက တခြားသူမဟုတ်
ယန်ဂျောင်ဝန်းကိုယ်တိုင်ပင် ။
ရိုးရိုးတီးလုံးသံတွေဆိုမနိုးလို့ တစ်မိနစ်စီဆက်တိုက် Alarm ချထားပြီး အသံလည်းသွင်းထားသည် ။ကိုယ့်အကြောင်းကိုယ်သိတာမို့ စောစောစီးစီး
ကိုယ်တိုင်ပဲဖြစ်ဖြစ်အော်တာခံလိုက်ရမှ နိုးမယ်ဆိုပြီး ပေါက်ကရတွေ အသံဖမ်းထားခြင်းပင် ။( A/n: အဲ့လိုအသံသွင်းထားပြီး alarm ချထားပါ။ သေချာပေါက်နိုးပါတယ် 😔 )
ရေချိုးခန်းထဲဝင် သွားတိုက်မျက်နှာသစ်လုပ်ပြီး
မေမေ့အခန်းထဲကိုခိုးဝင်ရသေးသည် ။အိပ်ပျော်နေတဲ့ မေမေက ဘာမှမသိ ။
အလှပြင်မှန်တင်ခုံပေါ်မှာတင်ထားတဲ့ ဆံပင်ဖြောင့်စက်ကို အခန်းထဲယူပြေးရသည် ။" မနက်တိုင်း ဒီလိုလုပ်နေရလို့ နဂိုဆံပင်ကောက်တာကိုမကြိုက်တာ "
ဆံပင်ကိုဖြောင့်စက်နဲ့ သေချာဆွဲပြီးမှ မှန်ထဲကို fly kiss တစ်ချက်လွှတ်လိုက်သည် ။
ဆိုင်သွားဖြောင့်လိုက်ရင်ရပေမဲ့
အဲ့လိုကြီးဖြောင့်တာကကျ ဆံသားပျက်စီးလို့
အိမ်မှာပဲ အကြမ်းဖျင်း ကောက်သားပြေသွားရုံလေး စက်ဆွဲရတာများ မနက်ပိုင်း ။
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park