13

1.2K 177 49
                                    

" ရုပ်ရှင်ပြမယ့် Time table အရဆို ကျွန်တော်တို့နောက်နှစ်နာရီလောက်စောင့်ရတော့မယ်ထင်တယ် ။ "

ကားပါကင်ထိုးနေတုန်းဘေးကနေ ဖုန်းကိုကြည့်ရင်း ပြောလာသည် ။
ဂျောင်ဝန်းနီးကဂျီကဂျောင်ကျတတ်တဲ့ကလေးမျိုးမဟုတ်တော့ အဲ့ကလေးက လွတ်နေတဲ့တစ်နာရီကိုဘယ်လိုဖြုန်းရမလည်း စဉ်းစားနေလောက်သည် ။

ကားကိုရပ်လိုက်ပေမယ့် စက်လည်းမပိတ်သေးပဲ
ကလေးပိစိလေးဘာဆက်ပြောမလည်းစောင့်နေလိုက်သည် ။

" ကုန်တိုက်ရှေ့မှာ ရပ်ကွက်ဈေးတွေ့ခဲ့တယ် ။
ဈေးထဲကိုရော ကုန်တိုက်ကိုရော ပတ်ကြမယ်လေ ဘယ်လိုလည်း ဟျောင်း "

ကလေးပိစိလေးကိုသာကြည့်နေမိလို့ ရုတ်တရက်ကြီးလှည့်မေးလာတော့ ရှက်ကိုးရှက်ကန်းပင်ဖြစ်သွားသလိုလို ။

" ကျွန်တော့်ကိုအဲ့လောက်တောင် ကြိုက်နေတာလား ။ အားတာနဲ့ စက္ကန့်မလပ်ကြည့်နေရအောင် "

စသလိုလိုနဲ့ ကိုယ့်မေးဖျားကိုပိုင်စိုးပိုင်နင်း အသာလေးလာဆွဲမော့ကာပြောသည် ။

ဒီကလေးလေးတော့ !

" မကြောက်မလန့်နဲ့ ဂျောင်ဝန်းနီး "

" မကြောက်ပါဘူး ကျွန်တော်တို့ကတွဲနေတာလေ ဘာလုပ်ချင်လို့လည်း ဖက်ထားချင်လို့လား "

ယန်ဂျောင်ဝန်းဆိုတဲ့ကောင်လေးဟာ Level
တစ်ခုကိုရောက်နေပါပြီ ။

" တအား ဆိုးနေတယ်ပေါ့ ဟုတ်လား "

ပါးလေးကိုအသာပြန်ညှစ်ပြီးပြောတော့ ကိုယ်စကားပြောတာက နည်းနည်းစူပုတ်ပုတ်ဖြစ်သွားလို့လားပဲ တစ်ပုံစံတည်းလိုက်စပါတော့သည် ။

" တအားဆိုးနေတာလေ သိလား "

နှုတ်ခမ်းကိုတမင်တကာ ခပ်ထော်ထော်လုပ်ပြီး
မခန့်လေးစားပြန်ပြောနေတာ ။

ဒါပေမဲ့ ချစ်စရာလေးဗျာ ။
ခေါင်းလုံးလုံးလေးကို ‌အသာလေးသွားသွားနမ်းချင်တာ ။

" အဲ့တာဆိုလည်း လူဆိုးလေးရေ သွားကြရအောင်ဗျာ "

ခါးပတ်ဖြုတ်ပေးတော့ ကျေနပ်သွားတဲ့ကလေးလေးက အစအနောက်သန်လေးပဲ ။

Fluttering Me : Likey  [JAYWON]✔️Where stories live. Discover now