Unicode
" အဲ့တာဆို အခု ငါ့ဆီကိုအလာမှာ မင်းကိုလမ်းဖောက်ပေးသွားတာပေါ့ "
" ဘာလမ်းဖောက်ပေးတာလည်း "
" ပတ်ဂျုံဆောင်း ! အဖြစ်မရှိတာလည်းမပြောနဲ့
အဲ့လောက်ဝေးသလား "ရှင်းမ်ဂျယ်ယွန်းက သူ့ဘာသာရှက်ရမ်းရမ်းပြီး
လာလာအော်တာကိုလည်း ခံရတဲ့ဒုက္ခကမသေးပေ ။ မျက်စိရှက်စရာတွေမြင်ခဲ့ပြီးပြီမို့ ပြန်လှည့်အထွက် ဖုန်းဆက်ပြီး" ပြောစမ်း မင်းဘာဖြစ်လည်းဆိုလို့ " အခု အခြေအနေကိုလမ်းလျှောက်ရင်း ဖုန်းတပြောပြောနဲ့အစီရင်ခံကာ အကြံတောင်းနေရသည်။
သူကသာ ရည်းစားရတာလည်းအကြောင်းမကြားဘာမကြားနဲ့
" ပြောစမ်းပါ ငါဘာလုပ်ရမလည်း "
" မင်းကိုကြိုက်နေလို့ ဖွင့်ပြောအောင်လုပ်တာပေါ့
ရှင်းရှင်းလေး "" အဲ့တာဆို အဖြေသွားတောင်းရမှာလား "
" ရက်စ် ! ဒီညနေလောက်ပဲလုပ်လိုက်တော့ အဲ့လောက်မှမသွက်ရင် ကျန်ရစ်မယ် "
" အိုကေ "
~||~
အားရပါးရ Jay Hyung ကို လမ်းဖောက်ပေးပြီးမှ
ကိုယ့်ဘာသာရှက်ပြီး မနေတတ်မထိုင်တတ်နဲ့ ထိုးအိပ်လိုက်တာ ဖုန်းကအဝင်ကောလ်ဝင်မှ နိုးလာသည် ။အချိန်ကိုကြည့်လိုက်တော့ ည 6 နာရီပင်ခွဲနေပြီ ။
ဝင်လာတဲ့ဖုန်းကို ကြည့်လိုက်တော့
" ဘောစိ Jay Hyung (。•̀ᴗ-)✧ "
ဖုန်းကိုမကိုင်မိခင် ကျသွားလို့ပြန်ခေါ်မယ်အလုပ် message ဝင်လာသည် ။
" အိမ်ရှေ့ထွက်လာလို့အဆင်ပြေမလား "
Padding တစ်ထည်ဆွဲဝတ်ကာ ဘောင်းဘီအကွက်ခပ်ထူထူနဲ့ လူကပင်အဝတ်တွေထဲမြှုပ်နေလောက်ပြီ ။
ရေတစ်ငုံလောက်သောက်ပြီးမှ အိမ်ပြင်ထွက်မယ်လုပ်တော့ ရေခဲသေတ္တာပေါ်မှာ stick note လေးတွေ့သည် ။
" အိုမားတို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့ အိမ်ပြန်နောက်ကျမယ်နော် " တဲ့
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park