Unicodeတစ်လရှိတဲ့အထိ ပေါ့ပေါ့ပါးပါး ဖြတ်သန်းလာခဲ့
သလောက် ။အခုတွဲနေတာတစ်လကျော်လို့ နှစ်လနီးပါး ။ ဂျောင်ဝန်းက
သူ့ရဲ့ နိုင်ငံ့လက်ရွေးစင်ပြိုင်ပွဲကနီးလာလေပြီမို့
အခုတလော အရမ်းကြိုးစားနေတာ ဖုန်းတောင်
တစ်ရက်ခြားလောက်ပဲပြောဖြစ်တော့သည် ။လူချင်းလည်း တစ်ပါတ်မှ သုံးခါလောက်သာ တွေ့ဖြစ်သည် ။ ကောင်လေးက သူ့ပြိုင်ပွဲနီးလာတာနဲ့အမျှ သူ့ရဲ့အားကစားရုံမှာပဲ အခြေချနေနေပြီး တောက်လျှောက်လေ့ကျင့်နေရသည် ။
ဖုန်းပြောဖြစ်တဲ့အခါတိုင်း တွေ့တဲ့အခါတိုင်းလည်း ခခယယနဲ့တောင်းပန်ရှာပါတယ် ။
အခုတော့ ဒီညအကို့ဆီလာအိပ်တာဆိုပြီး အိမ်ကိုရောက်နေလေရဲ့
" အကို ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော် " ပဲ တဖွဖွပြောနေတာ ။
ဒီလူကဘယ်လိုစိတ်ဆိုးရက်မှာလည်း ။ ပြီးတော့
ကောင်လေးက မဟုတ်တာလုပ်နေလို့ အဆက်အသွယ် အတွေ့အဆုံကြဲနေတာလည်းမဟုတ်ပဲ ။" ဂျောင်ဝန်း "
လေသံဖျော့လေးနဲ့ ကလေးနာမည်ခေါ်လိုက်တော့ စကားအပြန်မလာ ။ မိုးလည်း ခပ်အေးအေးမို့ နှစ်ယောက်သား တူတူ စောင်ကိုခေါင်းမူးခြုံထားကြရင်း pillow talk လိုမျိုး ရောက်တတ်ရာရာ စကားများနေကြခြင်းပင် ။
" ရွှေတံဆိပ်ယူမယ်မလား ။
အဲ့တာရပြီးရင် တစ်ဘဝလုံးစာအချိန်တွေကျန်နေတာပဲ ။ ဒီရက်ပိုင်းလောက်အတွက်နဲ့ ကိုယ့်ကိုတောင်းပန်နေစရာမလိုဘူးလေ
ဂျောင်ဝန်းနီးဖြစ်ချင်တဲ့နိုင်ငံ့လက်ရွေးစင်ဖြစ်ဖို့လုပ်နေတာပဲ ကိုယ်နားလည်တာပေါ့ ။ အဲ့တာကြောင့် အားမနာနဲ့ "
" ကျွန်တော် Hyung ကိုအများကြီးချစ်တာ သိတယ်မလား "
" အများကြီးချစ်တာလည်းသိပါတယ်
ကိုယ်ကလည်းအများကြီးချစ်တာမို့ ကိုယ့်ပူတူးလေးက ကိုယ်ဖြစ်ချင်တာကိုဦးစားပေး ဟုတ်ပြီလား "" တိုက်ကွမ်ဒိုက ကျွန်တော့်ရဲ့ဘဝတစ်လျှောက်လုံးအတူရှိနေခဲ့တဲ့ သူငယ်ချင်းလိုမျိုးပဲ Hyung "
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park