12

1.2K 179 46
                                    

Unicode

ဒီမနက်က အဝတ်အစားရွေးတာနဲ့တင် အတော်ကိုကြာခဲ့ပါသည် ။

မနက် 4 နာရီထတာအကျင့်ဖြစ်နေတာမို့ အဝအိပ်လို့ရတဲ့နေ့မှန်းသိတာဝောာင် 4 နာရီပဲထဖြစ်သည်

Alarm လည်းပိတ်ထားရဲ့သားနဲ့ ။

ယန်ဂျောင်ဝန်းဘဝမှာ ရင်အခုန်ဆုံးနေ့တွေရှိရင်တောင် ဒီနေ့လောက်တော့ ဖြစ်မယ်မထင် ။

" အားး
ဒီလိုမှန်းသိ တက္ကသိုလ်တက်တုန်းက ရည်းစားထားကြည့်ခဲ့ပါတယ် ခံစားချက်ကြီးက
နေသားမကျလိုက်တာ "

" အာ... အဲ့လိုလား ကိုယ်လည်း ရည်းစားထားတာ ပထမဆုံးပဲလေ"

" ဟုတ်တာပဲနော် ရည်းစားစာရတာတောင် အော်ငိုပါတယ်ဆို ပထမဆုံးပဲနေမှာပေါ့ အယ် ... "

ခုနကစကားထောက်သွားတာတောင်မသိပဲ
ယောင်တောင်တောင်လုပ်နေမိတာ နောက်လည်းလှည့်ကြည့်တော့ ဟိုအကိုကြီးက ဆန့်ဆန့်ကြီး

" ဘာတွေတစ်ယောက်တည်းလျှောက်တွေးနေတာလည်း "

ဂျုံဆောင်းက နဖူးကို လက်ညှိုးနဲ့ အသာတို့ပြီးပြောတော့ သူခိုးလူမိတဲ့ အစွာလေးက ချောင်းဟန့်လိုက်သေးတယ် ။

" အဟမ်း.. ကျွန်တော်လည်းလူပါပဲ တစ်ချက်တစ်ချက်ကို ဦးနှောက်က ထိန်းချုပ်လို့မရဘူးလေ သိတယ် မလား ..... ။ ကား.. ကားကရော "

မျက်စိရှေ့တင် ရမ်းသမ်းပြီး စကားတွေပါထစ်နေတဲ့ ဂျောင်ဝန်းနီးကို အသည်းယားလိုက်တာဆိုတာလေ ။

အိမ်ကိုသာပြေးမသွားချင်တယ် ။ ( Part 2 )

" ကားက ရှေ့နားမှာရပ်ထားတာ "

ပိုင်စိုးပိုင်နင်းဆန်သွားမလားမသိပေမယ့် ‌ကလေးပိစိရဲ့လက်တစ်ဖက်ကို ယှက်ကိုင်လိုက်တော့
ပြန်ကြည့်လာတာ ပြူးကြောင်ကြောင်လေး

" ဘာလို့အံ့ဩနေတာလည်း
ချစ်သူတွေဖြစ်နေပြီပဲ လက်ကိုင်တာတော့ ရမယ်မလား "

ကိုယ့်ဘာသာဆို အဲ့လောက်တော့မလုပ်ရဲမကိုင်ရဲပါဘူး ။ ညက google ခေါက်လိုက်တဲ့အကျိုးက
သိသိသာသာတော့ထိရောက်သား

Fluttering Me : Likey  [JAYWON]✔️Donde viven las historias. Descúbrelo ahora