Unicode
ဒုန်း !
" သေပါပြီ အင်ဆောင်းရ "
ခဏလေးသတိလွတ်လိုက်တာနဲ့ ကိုင်ပေါက်ခံလိုက်ရလို့ ကျောကမအီမသာ ။
ဂျူဟာတို့လို သင်ပေးနေရတဲ့ကလေးတွေနဲ့ဆို
အလျော့ပေးပြီး ကိုင်ပေါက်ခံတာနဲ့ ဘယ်တူမလည်းလေ ။" ဂျောင်ဝန်း မင်းဒီနေ့ဘာဖြစ်နေတာလည်း "
အင်ဆောင်းက လှဲနေတဲ့ ကိုယ့်ကိုလက်ကမ်းပေးတော့ ဆွဲထလိုက်သည် ။
" မသိဘူး ဝှားး "
" ထူးထူးဆန်းဆန်း ငါ့ကောင်က အိပ်ရေးတွေပျက်လို့ ။ ဘာလည်း ရွှေတံဆိပ်လိုချင်လွန်းလို့ရူးကုန်ပြီလား "
သူ့ဘာသာထင်ကြေးပေးပြီးပြောနေတဲ့ အင်ဆောင်းကိုလည်းအပြစ်မတင်နိုင် ။
အိပ်ချင်တာသေတော့မည့်အပြင် နားကလည်း
ဒုက္ခပေးခံနေရသလို ။~ ဘယ်လိုပဲဖြစ်ဖြစ် ဂျောင်ဝန်းနီးက ချစ်ဖို့ကောင်းပါတယ် ~
တော်ပါတော့ အခုချိန်ထိ နားထဲမှာ အဲ့အသံက
ဝဲနေမှဖြစ်မှာလား ။" ဂျောင်ဝန်း ဟေ့ကောင် "
ပုခုံးကို နှစ်ချက်လောက်အလှုပ်ခံရမှ သတိပြန်ဝင်လာသည် ။ ယန်ဂျောင်ဝန်း တကယ်ကိုရူးချင်နေပါပြီ ။
" အင်ဆောင်း ငါ့ကိုနောက်တစ်ချက်လောက်ကိုင်ပေါက်ပေးစမ်း "
" အိပ်ချင်လည်း ခဏသွားမှေးလိုက် သေမသွားဘူး "
" မနက်ဖြန်မှ ပိုလုပ်တော့မယ် အခုတော့ သေတော့မှာပဲ သွားပြီ "
အင်ဆောင်းပုခုံးကိုတစ်ချက်နှစ်ချက်ပုတ်ကာ
Locker ခန်းထဲက ခုံတန်းရှည်ပေါ်လှဲချလိုက်တော့ ကျောရိုးအဆစ်တွေက သူ့အလိုလို ဖြေသာသွားသည် ။ဒါပေမဲ့ အိပ်လို့မဖြစ်သေးဘူးဆိုပြီး
အားကစားရုံနဲ့မနီးမဝေးက ကော်ဖီဆိုင်ခဏသွားထိုင်ဖို့ ပြေးထွက်လာခဲ့သည် ။ကော်ဖီဆိုင်လေးက အေးအေးချမ်းချမ်းနဲ့
သီချင်းသံအေးအေးလေးတွေလည်းဖွင့်ထားပေးတတ်သလို လာနေကြနေရာလိုပင်ဖြစ်နေတာကြောင့် ဆိုင်ရှင် အဒေါ်နဲ့ပါ အတော်ခင်သည်။
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park