Unicode
" ဘာလို့ဝင်ခွင့်မပေးတာလည်း "
" အခုလမ်းပေါ်မှာလေ ဘာကိုဝင်ခိုင်းရမှာတုန်း "
" နှလုံးသားထဲကိုလေ ဂျယ်ယွန်းနီးရဲ့ "
မှန်ပါသည် ။
မနက်ကတစ်ခါလာသွားပြီး
ညဘက်လည်း ဆိုင်ပိတ်ချိန်ကြီး
ရှေ့မှာလာစောင့်ကာ
နောက်ကနေတစ်ကောက်ကောက်လိုက်တာခံနေရပါသည် ။ အဲ့အပြင် မိုးပေါ်ပျံနေတဲ့ တော်ကီတွေနဲ့ ဒုက္ခပေးတာလည်းခံနေရပါသေးသည်။" ကျေးဇူးပြုပြီး ပြန်ပါတော့ ။ ငါမင်းကိုစိတ်မဝင်စားဘူး "
ဂျယ်ယွန်းက
ကိုယ့်ဘာသာဘာမသိလိုက်ပေမယ့်
စကားပြောတဲ့လေသံမှာ ဆောင့်အောင့်လိုက်တာလေး နည်းနည်းပါသွားတော့ ဆောင်းဟွန်းကရယ်သည် ။ဂျယ်ယွန်းအနေနဲ့
လုံးဝစိတ်မဝင်စားတာမဟုတ်ပေမဲ့
စိတ်ကစားတာလေ ! စိတ်ကစားတာ !ဒီလောက်ချောပြီး ချစ်စရာလည်းကောင်းတာ
စိတ်ကစားတာဖြစ်သင့်တာပဲကို ။" စိတ်မဝင်စားဘူးက
လိမ်နေတာမဟုတ်ဘူးလား ။
ပါးလေးတွေကိုနီလို့ .. ကြည့်ပါအုံး ကျွန်တော့်ကို ရင်တော့ခုန်တယ်မလား "ပိုင်စိုးပိုင်နင်းနဲ့ ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့အုပ်ကိုင်သည် ။
ရင်တော့ခုန်တယ်မလားဆို
နည်းနည်းပါပဲ နည်းနည်းလေး မဆိုစလောက်လေးပါ ။" ရူးနေလို့ မင်းလို ပေါတောတောကိုရင်ခုန်ရမှာလား "
မျက်စောင်းပစ်ထိုးကာ
လက်ကိုဖယ်ရင်း ဆောင့်အောင့်ပြီးရှေ့ကို
မြန်မြန်လျှောက်သွားတော့ ဆောင်းဟွန်းလည်း သူ့အကိုပိစိနောက်ကိုအမြန်လိုက်ရသေးသည် ။ပတ်ဆောင်းဟွန်းတော်တော်ဖြစ်နေတာပါပဲ ။
အမရဲ့မွေးနေ့မှာတွေ့လိုက်တဲ့ ခပ်ချောချော
ဩဇီသားလေးကို အတော်ဖြစ်သွားတာ ။
မနေ့ညက တကယ်ကိုအိပ်မရခဲ့ပါ ။" ဘာပဲဖြစ်ဖြစ် ကြိုးစားရင်ရတယ် "
လျှာထုတ်ပြောင်ပြတော့ ခေါင်းကိုလာခေါက်သည် ။
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park