Unicode
နေ့လည်က အားရပါးရစစ်ကူတောင်းလိုက်မိလို့
ဘာမှအခွင့်မသာလိုက်ရ ။
ရှင်းမ်ဂျယ်ယွန်းတစ်ယောက် အရမ်းဖော်ရွေတာ
ဒီတစ်ခုတော့ မကောင်းတော့ပေ ။အိပ်ယာပေါ် ပျင်းပျင်းနဲ့ ခွေခေါက်နေပြီး
ဖုန်းထဲက contact ကို ဇောက်ထိုးကြည့်လိုက်
မိုးမျှော်ကြည့်လိုက် ပက်လက်ကြည့်လိုက် မှောက်လျက်ကြည့်လိုက်" ချစ်စရာလည်းကောင်း ရုပ်လည်းချောတဲ့
တိုက်ကွမ်ဒိုသမားလေး ယန်ဂျောင်ဝန်း ♡ "နာမည်လေးကိုကြည့်ပြီး တစ်ယောက်တည်းအသည်းယားနေတာ ဖုန်းကတော့ မခေါ်ရဲသေးပေ ။
နေ့လည်က မျှော်လင့်ထားတာတစ်မျိုး ဖြစ်သွားတာတစ်မျိုးမို့လို့ အခုပဲဖြစ်ဖြစ် ဖုန်းခေါ်ရမလား?
နေ့လည်က ဘာမှလည်းမပြောလိုက်ရတာမို့
ဒီအတိုင်းကြီး အကြောင်းအရင်းတိတိကျကျမရှိပဲ ခေါ်လိုက်ရင် တစ်မျိုးဖြစ်သွားမလား
ကလည်း ကြောက်ရသေးသည် ။" လက်ညောင်းလိုက်တာ နှလုံးသားတံခါးကိုခဏခဏ ခေါက်နေပေမဲ့ လူမရှိဘူးပဲ ပြန်ပြန်အော်နေလို့ "
ဖုန်းကို ပက်လက်လှန်ကာ လက်မြှောက်ကြည့်နေရင်းကနေ လက်ကိုပစ်ချလိုက်တာနဲ့
တီကနဲအသံကထွက်လာ၏ ။ဘုရားရေ ဖုန်းခေါ်မိသွားပြီလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ မျက်စိစုံမှိတ်ကာ ထကြည့်မိတော့
ဖုန်းပင်ကိုင်နေပြီ ။" ဟယ်လို ဘယ်သူပါလည်း ~ "
* သေစမ်းပဲ *
ပါးစပ်လှုပ်ရုံ ကြိတ်ရွတ်လိုက်ပြီး ဖုန်းကို နားနားကပ်လိုက်သည်။
" အာ... ဖုန်းမှားခေါ်မိပြီထင် .. "
" ဪ Jay Hyung လား "
ဇက်ပိုးအုပ်ခံလိုက်ရသလိုခံစားချက်ကြီးနဲ့
အသံကိုဘယ်လိုမှတ်မိတာပါလိမ့်" ဟုတ်တယ် ဘယ်လိုမှတ်မိတာလည်း "
" ဒီအတိုင်းပဲ အမ်? ကျွန်တော်ကပဲ အသံတွေကိုကောင်းကောင်း ခွဲနိုင်တာလား "
စကားပြောရင် ဟန်နဲ့ပန်နဲ့ လေယူလေသိမ်းကောင်းကောင်းပြောနိုင်တဲ့ အဲ့ကောင်လေးဟာ
အခုဆိုလည်း မေးဖျားကိုလက်ညှိုးလေးထောက်ကာ စဉ်းစားနေတဲ့ရုပ်လေးလုပ်နေမလား
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park