Unicode" မာမီတို့ကလည်း သားကိုလည်းကြည့်ပါအုံး ! "
ပထမဆုံးအနေနဲ့ ကိုကြီးမိဘတွေရှေ့ ရည်းစားအနေနဲ့သွားရမှာဆိုတော့ ကြောက်မိနေသမျှက လက်တွေ့မှာအကုန် ရေစုန်မြောသွားပါပြီ ။ မနက်စာတူတူစားပြီးကတည်းက ဧည့်ခန်းကစားပွဲဝိုင်းမှာ စကားပြောနေရင်း
သားလေး သားလေးနဲ့ တုန်နေအောင်ချစ်ကြတာများ
အခုဆို အကိုတောင် ထအော်ပြီ ကြည့် !" ဂျောင်ဝန်းလေးက ခုမှရောက်ဖူးတာလေ ။ မင်းကမွေးကတည်းကတူတူနေလာတာကို "
" သမက်လောင်းကို ဒီနေ့တစ်ရက်ပဲတွေ့ရတော့မယ်ပုံတွေနဲ့ ဖူးဖူးမှုတ်နေကြတာကိုး ဒယ်ဒီနဲ့ မာမီကလည်း "
နှုတ်ခမ်းကြီးထော်ပြီး စိတ်ကောက်နေတဲ့ သူ့ကိုကြီးက ကလေးပဲ ဒီလိုအချိန်ဆို ။
" အဲ့တော့ ဂျောင်ဝန်းလေးက သားနဲ့ဘယ်တော့လောက် လက်ထပ်ဖို့ စိတ်ကူးထားလည်း "
" ဗျာ..ဘ..ဘယ်လို လက်ထပ်ဖို့လား "
Hyung မိဘတွေကရှည်ရှည်တွေးတတ်တာပဲ ။ ဘာပြန်ဖြေရမှန်းမသိလို့ သွားဖြီးပြီးရယ်ပြလိုက်တယ် ။
" ကလေးနဲ့ တိုင်ပင်ထားတာကတော့ နောက်နှစ်နှစ်လောက်နေမှပေါ့ ရည်းစားလုပ်ရတာတောင်ပျော်လို့မဝသေးဘူး "
" မင်းကိုမမေးဘူး "
ကိုကြီးအဖေကပဲ ထထဟောက်နေတော့ သူ့မှာရီချင်တာကို အောင့်အီးထားရလေရဲ့ ။
" အန်ကယ် အဲ့တာက အကိုပြောသလိုပဲ ကျွန်တော်တို့တွေးထားပါတယ် "
လည်ဂုတ်ကို အသာပွတ်ရင်းဆိုမိတော့ အကို့ဖေဖေက
ရယ်လေတယ် ။" ဘာ အန်ကယ်လည်း အဖေလို့ပဲခေါ် "
" ဗျာ "
" အန်တီ့ကိုလည်း အမေလို့ပဲခေါ်သိလား
သက်သောင့်သက်သာနေ "" အဲ့လိုဆိုမှ မန်နေဂျာယန်းက ဂျုံဆောင်းလိုပေါ့ကျော့ကို သဘောတူပါ့မလား "
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park