9

1.3K 189 18
                                    

Unicode

ဒေါက် ဒေါက်

" ဝင်ခဲ့ပါ "

မေမေ လာတယ်အထင်နဲ့ ဝင်ခဲ့ခိုင်း‌လိုက်ပေမယ့်
ထင်မထားတဲ့ Jay Hyung ဝင်လာတော့ နည်းနည်းမျက်နှာပူသလို ။

" အန်တီ့ကိုပြောပြီး ရေခဲအိတ်ယူလာပေးတာ "

" ထိုင်လေ "

မီးအိမ်လေးတစ်ခုတည်းဖွင့်ထားတဲ့ အခန်းမှောင်မှောင်ထဲ ရေခဲအိတ်ယူလာပေးလို့ တစ်လက်စတည်း ခဏထိုင်ခိုင်းလိုက်တော့ ကုတင်ခြေရင်းမှာ ဝင်ထိုင်သည် ။

နည်းနည်းမဟုတ်ပဲ အတော်ကို Emotional ဖြစ်နေတာအမှန်ပင် ။
မနက်ကတည်းက နေလို့ထိုင်လို့မကောင်းတာအတော်ကိုဆိုးပေမဲ့ လေ့ကျင့်ချိန်တွေမမှန်တာ
ရောကြောင့် အားကစားရုံကိုသွားဖြစ်အောင်သွားလိုက်သေးသည် ။

ပြန်လာတော့ ခါတိုင်းလိုအသိလည်းမပေးပဲ
အိမ်ပြန်နောက်ကျတဲ့ မိဘတွေကြောင့် ထပ်ပြီး အပူကတိုးသည် ။

ထိခိုက်လိုက်တော့ ပိုဆိုးသွားသည် ။
ခုနက ရုတ်တရက်ကြီးငိုချလိုက်တာလည်း
အကုန်လုံးရောထွေးကုန်လို့ ။

ဘေးမှာတစ်ယောက်ယောက်မရှိရင် ငိုချလို့အဆင်မပြေပါ ။ ပြီးတော့ Jay Hyung ရှေ့မှာဆို စိတ်ချလက်ချ ငိုချလို့များရမလားလို့ ။
ဒီအတိုင်း.. ထင်မိတာ

" အဆင်ပြေရဲ့လား နေမကောင်းဘူးလား "

" ဟျောင်းက ဘယ်လိုဖြစ်ပြီး ဖေဖေတို့နဲ့ပါလာတာလည်း "

" အမ် အဲ့တာက မထင်မှတ်ပဲ ဒီနေ့အလုပ်ဆင်းဖြစ်သွားတာ ဌာနတစ်ခုတည်းရောက်‌နေလို့ "

" အင်း.."

ကုတင်ပေါ်မှာ ကြုံ့ကြုံ့လေးထိုင်နေတဲ့
ကလေးပေါက်စဟာ ဒီနေ့မျက်နှာမလန်းပါ ။
နေမကောင်းလို့လား ? စိတ်ပူပန်စရာများရှိလား
စိတ်ပူပေမဲ့လည်း အရမ်းဇွတ်မေးလို့မကောင်းတာနဲ့ ဒီတိုင်းငြိမ်နေလိုက်သည် ။

ခဏ‌ကြာတော့ အားပျော့နေတဲ့လက်ဖျားလေးတွေနဲ့ ရေခဲအိတ်ကို လက်လှမ်းသည်။

" အသာနေ အကိုလုပ်ပေးမယ် ။ ညာဘက်ခြေထောက်မလား "

စောင်ထဲလုံးထားတဲ့ ညာဘက် ခြေထောက်ကို အသာဆွဲပြီး ရေခဲအိတ်နဲ့အသာကပ်ပေးလိုက်တော့ မျက်နှာကတစ်ချက်ရှုံ့သွားသည် ။

Fluttering Me : Likey  [JAYWON]✔️Where stories live. Discover now