Unicode
ထပ်တွေ့စရာက ဓာတ်ပုံယူဖို့ပဲရှိတော့တာလို့ထင်တာ တွေ့မယ့်တွေ့တော့လည်း အများသုံးရေချိုးခန်းတဲ့လား
အတင်းဆိုင်မယ်ပြောထားတာကြီးကို
ဘယ်လိုပြန်ရုတ်သိမ်းရမလည်းတောင် မတွေးရသေးဘူး ထပ်ပေါ်လာပြန်ပြီ ။" ပတ်ဂျုံဆောင်း ဘာဖြစ်နေတာလည်း သိတဲ့သူလား "
ဘေးက ဆံပင်အညိုရောင်နဲ့ ပိန်သွယ်သွယ်အကိုကြီးက ပတ်ဂျုံဆောင်းဆိုတဲ့ နာမည်နဲ့ လှမ်းခေါ်ပြီးပြောသည် ။
သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြောင်စီစီကြည့်နေတာကနေ မတက်နိုင်သေး ။
ရောက်နေတဲ့နေရာက အများသုံးရေချိုးခန်းနော်
သတိထားစမ်း !" Jay ? "
" ကိုရီးယားနာမည်က ဂျုံဆောင်းပါ ။
American ကပြားမို့ "ဘေးက အကိုကြီးက ဝင်ဖြေသည် ။
အဲ့တော့မှနားလည်ပြီး ခေါင်းလေးဘာလေးတော့ငြိမ့်ပြလိုက်သည်။မျက်လုံးကစားတတ်တဲ့အကျင့်ကလည်း မဟုတ်တဲ့နေရာဆို ထထဖောက်လာတာ တကယ့်ဂွ ။
ရေစက်လက်နဲ့ အဲ့လူရဲ့ blonde hair ကလည်း
မိန်းကလေးသာဆို သတိလစ်သွားလောက်ပြီ
ချောလွန်းလို့ယောင်္ကျားလေးတန်မဲ့နဲ့ ရင်ဘတ်တို့
ချပ်ရပ်နေတဲ့ဗိုက်သားတို့က အသားအရေတွေကလည်း ကြည်လင်နေတာပဲ ။Jay ဆိုတဲ့အဲ့အကိုကြီးအပေါ် Current impression ဆိုရင်
Hot ချက်ပဲ :')ဘာတွေလိုက်ကြည့်နေမှန်းမသိတဲ့ ကိုယ့်ပါးကိုယ်သာ တစ်ချက်လောက်ရိုက်ပစ်ချင်စိတ်ကလည်း တဖွားဖွား
ဘေးကအကိုကြီးကိုလည်း အဲ့လိုပဲတစ်ချက်ကြည့်လိုက်သည် ။ ဒါပေမဲ့ ဘယ်လိုမှမနေ ။
အခုဒီ အများသုံးရေချိုးခန်းက အမျိုးသား hall
မှာ အင်္ကျီဝတ်ထားတဲ့ယောက်ျားသားတစ်ယောက်မှမရှိပေမယ့် ဘာလို့ ဒီလူနဲ့မှအားး !!!
အသိစိတ်ပြန်ဝင်တော့ မျက်နှာကြက်ကို အကြည့်လွှဲလိုက်သည် ။ ကျောပေးတဲ့ဘက်ကိုပြန်လှည့်ပြီး တောင့်တောင့်ကြီးရပ်နေမိသည် ။ ရေသာပြန်ဆင်းငုပ်ချင်တော့တယ် ။
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park