10

1.4K 186 16
                                    

Unicode

" အစကစဉ်းစားမိသေးတယ် "

" အမ်း? "

" အဖြေမပေးရင် အမှောင်ထဲထားခဲ့မှာ ဆိုပြီး
အတင်းအဖြေတောင်းမလို့လေ အဟဲ "

" ဘာလို့အဲ့လိုမလုပ်တာလည်း "

" ခြိမ်းခြောက်အကျပ်ကိုင်မှုနဲ့ တရားစွဲခံရမှာကြောက်လို့ "

ဂျယ်ယွန်းရယ်လိုက်ပါသည် ။
အားရပါးရကိုရယ်တာပါ ။

" မင်း ဥပဒေနဲ့ကျောင်းပြီးတာမလား ဟားဟား "

ဥပဒေ‌နဲ့ကျောင်းပြီးထားတော့ တစ်ခုခုဆိုခေါင်းထဲအရမ်းစွဲနေသည်လေ ။ အတော်ကို လူကဲခတ်တော်တာပဲ ဂျယ်ယွန်းက ။

" ဟုတ် "

" လုပ်လိုက်တာမဟုတ်ဘူး "

" ဘာကိုလည်း "

" မသိဘူးလေ ခြိမ်းခြောက်အကျပ်ကိုင်ပြီး
အဖြေတောင်းတာဖြစ်ရင်လည်းဖြစ်မှာပေါ့ "

မျက်နှာပြောင်တစ်ခုလုပ်ပြပြီး ဟိုတစ်ခါညကလို
ထပ်ပြီးပြေးထွက်သွားပြန်သည် ။

" ထီးလည်းယူမသွားဘူး နှင်းတွေကျနေတာကို "

မသိမသာလေးနှုတ်ခမ်းစူပြီးပြောနေတဲ့
ဆောင်းဟွန်းကို ပြေးထွက်သွားတဲ့အသေးလေးကလည်း ချောင်တစ်နေရာကနေ ပြန်ချောင်းပြီး တခွိခွိနဲ့ရယ်နေပါသေးသည် ။

" မနေ့ညကဟာကို အိမ်မက်ပြန်မက်ပြီး ရင်တွေခုန်နေတာလား !"

ဂျယ်ယွန်း နိုးနိုးချင်းပဲ ရင်ဘတ်ကိုဖိထားပြီး
ပြုံးစိစိဖြစ်နေတာ ပတ်ဆောင်းဟွန်းရောဂါများရသွားပြီလား ?

တရားစွဲခံရမှာကြောက်လို့ တဲ့ အကြောင်းအရာက အရမ်း ဥပဒေဆန်နေပေမဲ့ ချစ်ဖို့လည်းကောင်းသည် ။

အခိုက်အတန့်တစ်ခုမှာ မျက်လုံးကနေတစ်ဆင့်မြင်လိုက်မိတယ် ။ အချစ် ?

~||~

" ညကငိုပြီး ငါ့မျက်နှာသွားပါပြီ "

ရေချိုးခန်းထဲကမှန်ရှေ့ မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကာ နည်းနည်းလေးပိုဖောင်းနေသလို
ရှိတာကို ကြိတ်မနိုင်ခဲမရဖြစ်နေသော ဂျောင်ဝန်းပါလေ ။

Fluttering Me : Likey  [JAYWON]✔️Where stories live. Discover now