Unicodeထုံးစံလို ရည်းစားလောင်းလေးကိုရှိတ်ဖို့ ခြေတကြွကြွနဲ့ ။
မနေ့ကမနက်ကစိတ်ကောက်ပြ အဲ... စိတ်ကောက်တော့ပြေသွားပါတယ် ။ အဲ့ကပြန်ခဲ့ပြီးကတည်းက သူ့များတစ်ရက်လောက်မတွေ့ရရင် ဘယ်လိုများ ဖြစ်နေမလည်းသိချင်လို့ တစ်ရက်ကျော်ပြီးညနေမှ ပြန်ရောက်လာခဲ့သည် ။
ဆိုင်ထဲကိုဝင်တာနဲ့ သတိရနေတဲ့ကော်ဖီနံ့သင်းသင်းလေးကနှာခေါင်းထဲဝင်လာသည် ။Sweater လိမ္မော်ရောင်နဲ့ ဒူးအပေါ်နည်းနည်းပိစိလေးရောက်တဲ့ ဘောင်းဘီတိုရယ် လူငယ်ဆန်ပေမယ့် တအားရုပ်သန့်တဲ့ဆောင်းဟွန်းက ဆိုင်ထဲဝင်တာနဲ့ဝိုင်းကြည့်ခံရသည် ။
ကျင့်သားရနေပါပြီလေ သူကချောတာကိုး ။
ဆိုင်ပိုင်ရှင်လေးကို ရှာဖို့ ဟိုဟိုဒီဒီမျက်လုံးကစားမိတော့ beret hat နက်ပြာရောင်လေးနဲ့ ။
ဒါပေမဲ့ တစ်ယောက်ယောက်နဲ့စကားပြောနေသည် ။
မိန်းကလေး ?! ရင်းနှီးနေသလိုရှိပါတယ်ဆိုမှ အိမ်ကအမပတ်ဆယ်မီရဲ့ best best friend အမကြီးပဲ ။ အဲ့အမကဘာလို့ဒီကိုရောက်နေတာလည်း ။ရှင်းမ်ဂျယ်ယွန်းကလည်းစကားပြန်ပြောနေတာများ သွားတွေသုံးဆယ့်နှစ်ချောင်းပေါ်တော့မယ်။
နေပါအုံး သူသဝန်တိုနေတာလား ။ တိုရမှာပေါ့ !
ရည်းစားလောင်းက တခြားသူရှေ့မှာ ဟက်ဟက်ပက်ပက် ပြုံးရယ်နေတာ ။ကလေးဆန်တဲ့စိတ်ကြောင့် အသာလေးပြန်လှည့်ထွက်လာခဲ့သည် ။ ရှူးဖိနပ်အသစ်လေးစီးလာခဲ့ပေမဲ့ အဲ့ဖိနပ်နဲ့မြင်မြင်ကရာ ကန်ချင်လာသည် ။
သူ့အိမ်က ဂျယ်ယွန်း ကော်ဖီဆိုင်နဲ့တအားမဝေးလို့ လမ်းလျှောက်ပဲပြန်တော့မည် ။
" ဟိတ် ကော်ဖီဝင်မသောက်တော့ဘူးလား "
မလှမ်းမကမ်းအနောက်ဘက်က လှမ်းခေါ်သံက စိတ်ထင်နေတာတော့မဟုတ်ပေ ။
နောက်ကိုလှည့်ကြည့်မိတော့ ဦးထုပ်လေးနဲ့ ကောင်လေးလုံးလုံးလေးကိုတွေ့ရသည် ။
" တော်ပြီ "
စိတ်ကောက်ချင်သလိုဖြစ်နေလို့ တုံးတိကြီးပြန်ပြောထွက်သွားတဲ့ သူ့ကိုယ်သူ နားရင်ပင်အုပ်ချင်သွားသည် ။
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park