Unicode
မနက်စောစော ၆ နာရီလောက် Camp သိမ်းပြီး ပြန်ကြမယ်လုပ်တော့ မျက်နှာချင်းဆိုင်ကို
တစ်ချက်လှမ်းကြည့်လိုက်သည် ။" ဟော ငါတို့ထက်တောင်စောတာပဲ "
အဲ့လောက်ထိ စနစ်ကျတာမျိုး ရှားရှားပါးပါးမှ တစ်ခါ နှစ်ခါပဲတွေ့ဖူးသည် ။ အခုဆို သုံးခါ
မနေ့ကလည်း ဓာတ်ပုံရိုက်တာတော်တော်အရည်အချင်းရှိပါတယ် အပျော်တမ်းရိုက်ပေလို့ ။ခေါင်းကတော့ နည်းနည်းကိုက်နေသေး ။
လုံးဝအသိစိတ်ပျောက်တာမဟုတ်ပေမဲ့ အရက်နဲ့ဆိုလူက မမူးရင်တောင် အနည်းနဲ့အများ မှတ်ဉာဏ်က ဟိုလွတ်ဒီလွတ် ဟိုပျောက်ဒီပျောက် ထထဖောက်တာမျိုးကရှိသည်လေ ။ခါတိုင်းဖြန်းနေကြ breathe spray ဆောင်ထားရင် အရက်သောက်ထားတာ မသိသာ ။
အမေမိမှာစိုးလို့ အဲ့တာအမြဲဆောင်ထားတာမနေ့က အဲ့ဒီ Jay ဆိုတဲ့လူနဲ့ ရုတ်တရက်တွေ့တော့ အရှက်မကွဲအောင် သူ့အလစ်မှာ တစ်ချက်နှစ်ချက် ပါးစပ်ဟဖြန်းတာ သူတကယ်မသိဘူးဗျာ ။
ရုပ်ကချောတော့ အကြိုက်ခံရရင် အကြိုက်ခံရမှန်းသိတာပေါ့ ။ အဲ့လိုနဲ့ ဖုန်းနံပါတ်တောင်းတော့ အရိပ်အခြေတန်းသိလိုက်တာနဲ့ ခေါင်းစခြေဆုံး အကဲခတ်မိသည် ။
စစ်စိမ်းရောင်အနွေးထည်အထူကိုအဟောင်း
လိုဟာကြီးဝတ်ထားလို့ နည်းနည်းတော့ သာမာန်ပဲတွေးမိပေမဲ့ ပေမယ့် ဖိနပ်ကTravis Scott X Air Jordan 6 ကြီး !
( EN- & Hi ep.2 မှာ Jay ဝယ်လာတဲ့ဖိနပ်ပါ )
YOU ARE READING
Fluttering Me : Likey [JAYWON]✔️
FanfictionBreak my bones instead of breaking my heart -Jay ,Park