8

1.2K 202 32
                                    

Unicode

" နောက်နှစ်ရက်‌ဆိုအလုပ်စဆင်းလိုက်တော့
ဒီနေ့ကတော့ လိုအပ်တာတွေ မန်နေဂျာကြီးနဲ့ ဌာနမှူးဆီက နည်းနည်းလေ့လာလိုက် "

အဖေ့ကုမ္ပဏီမှာ ဟိုလေ့လာဒီလေ့လာဆိုပြီး ဒီနေ့
စဝင်ရသည် ။

အလုပ်လုပ်ချင်လွန်းလို့တော့မဟုတ် ။
Father in law နဲ့ Mother in law တို့ဆီကအမှတ်ယူဖို့

" ဂျုံဆောင်း‌လေးတောင် အလုပ်ဝင်ပြီပဲ "

ဌာနမူးအိုက နှုတ်ဆက်တော့ အသာပြန်ပြုံးပြလိုက်သည် ။ ဘယ်သူလည်းမခွဲတတ်သေးခင်ထိ အကုန်လုံးဆီကအမှတ်ကြိုရထားမှတော်ကာကျမည်လေ ။

ဒယ်ဒီကလည်း အလုပ်ရှင်းတဲ့နေ့မှာ သင်ထားတာပိုကောင်းမယ်ဆိုပြီး ဌာနက မန်နေဂျာနဲ့ညှိပြီးလွှတ်တာဆိုပဲ ။

ဟိုကောင်လေးက သူ့မိဘတွေ ဘယ်ရာထူးလည်းကျ မပြောသွားတော့ နည်းနည်းပဲတိုင်ပတ်သည်လေ ။

သိပ်မကြာခင်ပဲ သူတို့ဌာနရုံးခန်းထဲကိုဝင်လာတဲ့
ခပ်သန့်သန့် ဒေါင်ကောင်းကောင်းနဲ့ အမျိုးသားတစ်ယောက်ဝင်လာသည် ။

တခြားသူတွေနဲ့ ပြုံးရယ် နှုတ်ဆက်နေတာ
သူ့ကိုတော့ ခုထိမြင်ပုံမရ ။ အဲ့ဦးလေးကြီးက
ရယ်လိုက်ရင် ပါးချိုင့်တွေကလည်းထင်းလို့
အတော်လည်းတည်ကြည်သည် ။

" မင်းက ဂျုံဆောင်းလား "

တပြုံးပြုံးနဲ့ပဲ ကိုယ့်ရှေ့ရောက်လာပြီး
မေးလာတော့ မျက်နှာကိုအချိုဆုံးထားကာ ပြန်နှုတ်ဆက်လိုက်သည် ။

ဝန်ထမ်းကတ်ကို မသိမသာလှမ်းရှိုးလိုက်တော့
မျိုးရိုးနာမည်နေရာမှာ Yang ဆိုတာ ဖြတ်ကနဲတွေ့လိုက်တော့ ပိုလို့တောင်သေချာသွားသည် ။

" ဟုတ်ကဲ့ ရှေ့လျှောက် ကူညီပေးပါအုံး "

" ကြိုးစားချင်စိတ်ရှိတဲ့ပုံပေါက်သား ဥက္ကဌကြီးနဲ့တူတာပဲ "

မန်နေဂျာကြီးက
တပြုံးပြုံးနဲ့ခေါင်းငြိမ့်ကာ ဂျုံဆောင်းကိုမှတ်ချက်ပေးပြီး သူ့နေရာမှာသူသွားထိုင်သည် ။

ဦးလေးကြီးက အတော်ကိုပြုံးနိုင်တာပဲ အဲ့တာကြောင့် ဟိုကောင်‌လေးကလည်း ချစ်ဖို့ကောင်းတာနေမယ် ။

Fluttering Me : Likey  [JAYWON]✔️Where stories live. Discover now