2

1.7K 247 61
                                    

Unicode

မျက်နှာချင်းဆိုင် တဲကနေ အသားကင်နံ့တွေကမွှေးလို့ camp ရဲ့ ဘေးဘက်ခြမ်းမှာ ခုံလေးချပြီး
အမဲသားအရသာဗူးခေါက်ဆွဲစားနေတဲ့
ဂျုံဆောင်းအတွက်တော့ရင်နာစရာ

" အား!! အနံ့နဲ့တင်သေတော့မှာပဲ "

ပိုက်ဆံမရှိလို့ အသားမစားတာမဟုတ်
တစ်ယောက်တည်းလာတာမို့ မကုန်မှာစိုးတာရော
ပိုက်ဆံလည်းနှမြောတာရောကြောင့်

သို့ပေမယ့် ပစ္စည်းတွေသာစကားပြောတတ်ရင် ပိုက်ဆံအိတ်ထဲက black card ကတော့
* ငါ့ကိုအလှပဲကြည့်တော့မှာလား မသုံးတော့ဘူးလားဟင် *
ဆိုပြီး ငိုသံကြီးနဲ့မေးနေလောက်ပါပြီ ။

ခေါက်ဆွဲကို တစ်ခါတည်းဆွဲစားလိုက်ပြီး
အရည်ကို မော့သောက်ရတာလောက် အရသာရှိတာမျိုး မတွေ့ဖူးသေး ။

အိမ်ကဒယ်ဒီက ခရီးသွားအေဂျင်စီပိုင်တာကြောင့် ခဏတိုင်း ဒီကိုလာဖြစ်သည် ။
ဘာမှမဆိုင်လည်း ဆိုင်လိုက်ပါ ။

" အာညော်ဟာဆယ်ယို "

ဘေးကနေခေါ်သံထွက်လာတာကြောင့်
ခေါ်တဲ့သူရှိန်မယ့် ခေါ်ရှိန် ပုံစံပေါက်ရန် မျက်နှာကို နည်းနည်းတည်လိုက်ပြီး မော့ကြည့်လိုက်သည် ။

ထင်မထားတဲ့ ဟိုကောင်လေးဖြစ်နေတာကြောင့်
ကိုယ်က နည်းနည်းတော့ ပြန်ရှိန်သွားသည် ။
မျက်လုံးဝိုင်းဝိုင်းနက်နက်လေးတွေက အရမ်းလှသလို ပါးချိုင့်လေးကလည်း အဲ့ကောင်လေးရဲ့ ကိုယ်ပိုင်အမှတ်အသားလို

" ဘာကိစ္စလည်း မသိ "

ဆိုတော့ အသားကင် ဆယ်ဖတ်လောက် ထည့်ထားတဲ့ ပန်းကန်ကိုလာထိုးပေးသည် ။

အဲ့တာသေချာတယ် ! ငါ့ကိုကြိုက်နေလို့ပဲ

နေရင်းထိုင်ရင်း သူစိမ်းကို အသားကင်လာပေးတယ်ဆိုတာမျိုး မတွေ့ဖူးပေါင် ။
သေချာတယ် ငါ့ကိုကြိုက်နေတာ ။

" သိလို့လား အကို့ကို ။ အာ... အကို့ကိုကြိုက်ရင်
အသားကင်ပေးစရာမလိုပါဘူး ။ ဒီတိုင်းပြောလည်းရတာကို "

( Aegyo battle မှာ အာအင်းး ဆိုပြီးပြုံးတဲ့အပြုံးနဲ့တွဲမြင်ကြည့် :') )

Fluttering Me : Likey  [JAYWON]✔️Where stories live. Discover now