Sudden Proposal
Zawgyi
တံခါးဖွင့်ပြီးအထဲဝင်လိုက်တာတစ်ပြိုင်နက်သုံးထပ်အဆောက်အအုံကြီးရဲ့တန်ဖိုးကြီးပြီးလက်ရာမြောက်တဲ့အပြင်အဆင်ကိုChengYangမြင်လိုက်ရတော့လက်ထဲကသော့လေးကိုညှစ်လိုက်မိတယ်။
မှန်လိုကြည်လင်နေတဲ့ပြတင်းပေါက်တွေနဲ့ဧည့်ခန်းရဲ့အလယ်ကပန်းပွင့်ပုံကျောက်မီးဆိုင်းကြီးကြောင့်တစ်ခန်းလုံးလည်းတောက်ပနေတယ်။
အိမ်တစ်ခုလုံးရဲ့အပြင်အဆင်မှာခေတ်မီပြီးချမ်းမြှေ့ဖွယ်ကောင်းလှတယ်။ကြမ်းပြင်ကိုလည်းသစ်သားပုံစံကြွေပြားအပြည့်နဲ့ခင်းထားတာကြောင့်ChengYangမျက်နှာမှာအိမ်ရဲ့အပြင်အဆင်ကိုသဘောကျပုံပေါ်နေတယ်။ဒီအိမ်မျိုးကသူအရင်ကစိတ်ကူးယဉ်အိပ်မက်မက်ခဲ့ရတဲ့နေချင်မိတဲ့အိမ်ပုံစံမျိုးပင်။ဒါပေမဲ့အခုတော့သူ့ရှေ့ကိုအသိမပေးဘဲပေါ်လာခဲ့ပြီ။
အံ့အားသင့်မှုကြောင့်ChengYangခြေနှစ်လမ်းလောက်နောက်ဆုတ်မိတယ်။SheYanကသူ့အနားကိုလာပြီးခါးလေးကိုလက်နဲ့ထိန်းလိုက်တယ်။"လာ ကိုယ်တို့အပေါ်ထပ်ကိုသွားကြည့်ကြရအောင်"
အပန်းဖြေဗီလာအနေနဲ့အလွန်တခမ်းတနားကြီးနိုင်ပေမဲ့SheYanကဓာတ်လှေကားပါတပ်ဆင်ထားတယ်။သူဒီအိမ်ကိုဝယ်တုန်းကသူ့လက်ထောက်ကိုဓာတ်လှေကားပါထည့်ဖို့ပြောထားခဲ့တာ။ဟုတ်တယ်ChengYangကအရင်လိုမဟုတ်တော့ဘူးကလေးလေးလွယ်ထားရတာ။အခုချိန်ကအဆင်ပြေသေးပေမဲ့နောက်ပိုင်းကျဗိုက်ကပိုပြီးဖောင်းလာတော့မှာမို့လှေကားနဲ့ဆိုအဆင်မပြေပေ။
SheYanကအိမ်ရာမြေအဆောက်အအုံတွေဘက်မှာတစ်ခါမှရင်းနှီးမမြှုပ်နှံဖူးပေမဲ့အဲ့ဒီနယ်ပယ်ထဲကCompanyတစ်ခုနဲ့ရင်းနှီးတယ်။
ပိုင်ရှင်နဲ့SheYanဆိုညစာခဏခဏစားလေ့ရှိတယ်။
အဲ့ဒါကြောင့်ဒီဗီလာကိုSheYanကစိတ်ကြိုက်ပြင်ဆင်ခိုင်းပြီး10millionsအပြည့်ငွေချေကာဝယ်ယူခဲ့တာဖြစ်တယ်။ChengYangကိုတွဲကာSheYanဓာတ်လှေကားထဲကိုဝင်လိုက်တယ်။ဓာတ်လှေကားအတွင်းပိုင်းကိုအလင်းဖောက်နိုင်တဲ့ဖန်နံရံတွေနဲ့ပြုလုပ်ထားတယ်။ChengYangမျက်နှာချင်းဆိုင်မှန်မှာထင်ဟပ်နေတဲ့SheYanသူ့ကိုဖက်ထားတဲ့ပုံကိုကြည့်ရင်းအခုထိလက်တွေ့လားဆိုတာမယုံနိုင်သေးဘူး။
SheYanကသူအတက်အဆင်းအဆင်ပြေအောင်ဓာတ်လှေကားအထိပြင်ဆင်ပေးထားကိုအံ့သြနေတယ်။
YOU ARE READING
His son has a richest billionaires dad(Myanmar Translation)
RomanceAuthor(s) Shou Xin 狩心 Artist(s) N/A Year 2018 Status in COO Completed...66 Chapters Licensed N/A The Whole Story Isn't Mine.I just upload this because I want to.So, I give fully credit to the original publisher.BTW I've got permission from English...