Chapter 29.2

2.6K 510 20
                                    

Unicode








SheYanနှင့်ChengYangသည် သူ့အဖေနဲ့Mrs.YuanYuanတို့နောက်မှလိုက်ကာ အခန်းထဲမှထွက်လာခဲ့ကြသည်။အခန်းတံခါးနားရောက်ချိန်တွင်  ပါးပါးShe ကသူတို့ကိုရုတ်တရက် ရပ်ခိုင်းခဲ့တယ်။

ပါပါးShe က သူ့လက်ထဲမှာ အတော်ထူတဲ့အနီရောင် စာအိတ်ကိုကိုင်ကာ Cheng Yangရဲ့လက်ကိုဆွဲလိုက်သည်။

ChengYangအနည်းငယ် တွေဝေသွားသည်။
ထို့နောက် ပါးပါးShe က

"သားက ပါးကို အကြီးတစ်ယောက်အနေနဲ့ပထမဦးဆုံးအကြိမ် လာတွေ့တဲ့အတွက် ဒါလေးကို လက်ခံရင် ပါး ဝမ်းသာမိမှာဘဲ"

Cheng Yangက She Yanကို လှည့်ကြည့်တဲ့အခါမှာ သူကခေါင်းငြိမ့်ပြတယ်။ဒါကသူ့ယောက္ခမရဲ့မင်္ဂလာဆောင် ဖြစ်နေတာကြောင့် Cheng Yang က ပါပါးSheရဲ့ဆုပေး(ကောင်းချီးပေး)တာကိုမငြင်းနိုင်ဘဲလက်ခံခဲ့တယ်။

အခန်းထဲကထွက်လာပြီးတဲ့နောက် သူတို့ ခန်းမ ထဲကို ပြန်လာခဲ့ကြတယ်။ခန်းမရဲ့ရှေ့မှာ လွတ်နေတဲ့ ထိုင်ခုံနှစ်လုံးရှိတယ်။ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက နီးစပ် ရာထိုင်ခုံတွေမာ ဘေးချင်းကပ်ထိုင်နေကြတယ်။ထို့ကြောင့် Cheng Yangနဲ့ She Yanက ထိုလွတ်နေတဲ့ ထိုင်ခုံနှစ်လုံးမှာ ထိုင်ဖို့  ေလျှာက်လာခဲ့ကြသည်။

သူတို့ထိုင်ပြီးတဲ့နောက်မှာတော့ She Yanက Cheng Yangရဲ့ ညာဘက်လက်ကို ဆုပ်ကိုင်ခဲ့တယ်။Cheng Yangက သူတို့ကိုင်ထားတဲ့ လက်တွေကိုကြည့်ပြီးနောက် She Yanရဲ့မျက်ဝန်း တွေကို မော့ကြည့်လိုက်တယ်။ထိုစဥ်မင်္ဂလာပွဲက ရင်းနှီးတဲ့ သီချင်းသံနဲ့အတူ တရားဝင် စတင်ခဲ့ပြီဖြစ်တယ်။


ထိုအချိန်မှာ Chen Yangက She Yanနဲ့သူမင်္ဂလာဆောင်နေတဲ့ ပုံရိပ်ကို မြင်ယောင်လာခဲ့တယ်။မင်္ဂလာပွဲပြီးသွားတာ ‌ေတာင် Cheng Yanရဲ့မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်မသွားခဲ့ဘူး။

မင်္ဂလာပွဲပြီးတဲ့နောက် ပါးပါးSheနဲ့ Mrs.Yuanတို့နှစ်ယောက် ဟန်းနီးမွန်း ထွက်ဖို့ ပြင်ကြတယ်။ဟန်းနီးမွန်းအတွက်တစ်လစာခရီးစဉ်ကိုလည်းဘွတ်ကင်ချိတ်ခဲ့ကြတယ်။
ထိုတစ်လအတွင်းတွင် နွေဦးပွဲတော်ကျင်းပသည့်ကာလပါပါဝင်ခဲ့သည်။

His son has a richest billionaires dad(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang