Invite Dinner
Zawgyi
Li Ye နဲ့ Song PengCheng နှစ်ယောက်လုံး Cheng Yang အဖြေကိုစောင့်နေကြတယ်။ Cheng Yang ကလက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ပြီး သူ့ရှေ့က လူနှစ်ယောက်ကို ဆွဲမထိုးမိအောင် အတော်လေးထိန်းနေရတယ်။ သူက အသက်ကိုဖြေးဖြေး
ချင်းရှုထုတ်လိုက်ပြီး ပြုံးပြလိုက်တယ်။ ဖြူစင်ပြီး နူးညံ့မှု
အတိပြီးတဲ့ အပြုံးလေးကိုမြင်မှ Li Ye နဲ့ Song PengCheng တို့နှစ်ယောက် တင်းကျပ်နေတာတွေ ပြေလျော့သွားတော့တယ်။"ငါမသိဘူးလေ အဲ့ဒီလူနဲ့က မထင်မှတ်ဘဲဆုံခဲ့
တာ ငါမနေ့ညက အဲ့လူရဲ့အခန်းထဲက ဆိုဖာပေါ်မှာ အိပ်ခဲ့တာ ငါတို့နှစ်ယောက်ကြားမှာဘာမှမဖြစ်ခဲ့ဘူး။
ဒါနဲ့ မင်းတို့က စနောက်တဲ့နေရာမှာတော်ကြသားဘဲ"Cheng Yang ကမျက်ခုံးလေးတွေကွေးတဲ့အထိ ခုနကလို အပြုံးလေးနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ အဲ့အပြုံး
နောက်ကွယ်က ဒေါသတွေကို Li Ye တို့သတိမထား
မိခဲ့ပေ။"တောင်းပန်ပါတယ် ငါတို့အစလွန်သွားတယ်။ နောက်တခါ မဖြစ်စေရဘူး "
Li Ye က Cheng Yang သူတို့ကို အပြစ်မတင်မှန်း သိတော့ Cheng Yang အနားကိုတိုးလာပြီးသူ့ လက်မောင်းတွေနဲ့ ဖက်လိုက်တယ်။
Cheng Yang က အမုန်းတရားတွေကို မနည်းမြိုသိပ်ထားရတယ်။
သူမနေ့ညက ကံသီပေလို့ပေါ့
Li Ye တို့ကြံစည်ထားတဲ့ လူရဲ့အခန်းထဲမရောက်ပေမဲ့
တခြားလူရဲ့အခန်းထဲတော့ရောက်သွားတယ်။
သူ့ရဲ့ပထမဦးဆုံး ကုတင်ပေါ်ကအချစ်က
ချောမောတဲ့ဘော့စ်အကြီးစားကြီးတစ်ယောက်ဖြစ်နေလေရဲ့ ။အဲ့ဒီလူက သူတွေ့ဖူးသမျှလူတွေထဲမှာ အရှိန်အဝါအကြီးဆုံးဘဲ !
ဒီလူက သူ့ရဲ့ပထမဆုံးအကြိမ်ကို အံ့သြဖွယ်ကောင်းအောင်
လုပ်ပေးခဲ့တယ်။ကိစ္စတွေက ဒီလိုဖြစ်သွားပေမဲ့ Li Ye တို့နှစ်ယောက်သစ္စာဖောက်ခဲ့တာကတော့ ပြောင်းလဲပစ်လို့မရတဲ့ အမှန်တရားဘဲ။
ဒီလိုအမှိုက်နဲ့တူတဲ့ သူငယ်ချင်းတွေကတောင် သရုပ်ဆောင်ပြီး သူ့ကိုလိမ်ညာခဲ့သေးတာဘဲ။ သူကရော
ဘာလို့ ပြန်မလုပ်ရမှာလဲ။Song PengCheng က မနေ့ကကိစ္စတွေအကြောင်း
ကို Cheng Yang စိတ်ထဲမထားကြောင်းသိလိုက်ရ
တော့ သူတို့ဆက်သွားလို့ရသေးတယ်။ အခွင့်အရေးတွေ
လည်း မဆုံးရှုံးသေးဘူးဘဲ လို့တွေးလိုက်တယ်။
အမှုဆောင်ဒါရိုက်တာက Cheng Yang နဲ့မအိပ်လိုက်
ရပေမဲ့ သူတို့ကတော့ ယွမ်တစ်သောင်းကို ရရှိပြီးသားဖြစ်
နေပြီ။ အဲ့ဒါကြောင့် ဇိမ်ခံသင်္ဘောပေါ်မှာရှိတဲ့ အင်တာနက်
ကဖေးဆိုင်ကိုသွားဖို့ အကြံပြုလိုက်တယ်။
YOU ARE READING
His son has a richest billionaires dad(Myanmar Translation)
RomanceAuthor(s) Shou Xin 狩心 Artist(s) N/A Year 2018 Status in COO Completed...66 Chapters Licensed N/A The Whole Story Isn't Mine.I just upload this because I want to.So, I give fully credit to the original publisher.BTW I've got permission from English...