Dating?
Zawgyi
ဒီလိုနဲ့မနက်ခင်းအချိန်အခါကလျင်မြန်စွာဘဲကုန်ဆုံးသွားတယ်။သင်္ဘောအမြင့်ဆုံးထပ်ကကျယ်ပြန့်တဲ့ဝရံတာကိုဖြတ်ကျော်ပြီးတိုက်ခတ်နေတဲ့လေညင်းနဲ့အတူလှပတဲ့ပင်လယ်ပြင်ကြီးကိုSheYanနဲ့ChengYangငေးကြည့်နေကြပြီးခဏအကြာမှာနှစ်ယောက်သားတိတ်ဆိတ်ပြီးလူနည်းတဲ့ကော်ဖီဆိုင်လေးကိုသွားခဲ့တယ်။
ဆိုင်ရဲ့အတွင်းပိုင်း၌လိမ္မော်မီးအရောင်ဖျော့ဖျော့ကိုသုံးထားပြီးအပြင်အဆင်ကတစ်မျိုးဆန်းသစ်ကာနွေးထွေးတဲ့ပုံစံရှိလှသည်။
မသိရင်သူတို့နှစ်ယောက်ကဒိတ်လုပ်နေတဲ့အတိုင်း။
အမှန်တော့ ဒိတ်လုပ်တဲ့သဘောမျိုးပါဘဲ။ChengYangကကော်ဖီမှာရင်းအချိုပွဲတွေကိုစောင့်နေသည်။
သူ့ အရှေ့က SheYan ကိုကြည့်နေရင်း ခံစားမိတာကအခန်းထဲမှာတုန်းကကသိကအောက်ဖြစ်ပေမဲ့အခုလိုအပြင်မှာကျSheYanနဲ့အတူရှိနေရသည်မှာပိုသက်တောင့်သက်သာဖြစ်စေသည်။တစ်ဖက်လူရဲ့မျက်နှာအချိုးစားကကောင်းမွန်လွန်းပြီးမျက်ခုံးမွှေးနှစ်သွယ်ကထင်းနေသည်။ဘယ်ရှုထောင့်ကကြည့်ကြည့်ဒီလူကချောမောပြည့်စုံနေတော့တာဘဲ။ဒီလူ့ ရဲ့အကြည့် ပုံပန်းသဏ္ဍန် တောင့်တင်းတဲ့ရင်အုပ် ခါးနားက ပြီးပြည့်စုံတဲ့ကြွက်သားအမြှောင်းတွေ
အားလုံးကမနာလိုချင်စရာတွေချည်းဘဲ။သူလည်း ဒီလူ့လိုခန္ဓာကိုယ်ရချင်ပေမဲ့သူ့မှာကရုပ်ပိုင်းဆိုင်ရာပြသနာရှိနေပုံရတယ်။သူဆိုသည်မှာနေပူထဲနေတာတောင်အသားက
မညိုဘဲဖြူဖတ်နေဆဲဘဲ။သူမျက်တောင်မခတ်ဘဲစိုက်ကြည့်နေတော့
SheYan ကမေးလာတော့သည်။"ဘာတွေကြည့်နေတာလဲ?"
"ခင်များကအရမ်းချောတာဘဲ!"
သူလွှတ်ခနဲထွက်သွားသည်။SheYanချောတာအမှန်ပေမဲ့ဒီလိုကြီးတိုက်ရိုက်ပြောမိသွားတာတော့မဖြစ်သင့်ဘူးလေ!"မင်းဖုန်းခဏပေး"
ChengYangက ဘာလုပ်မလို့လဲ မလို့မေးချင်ပေမဲ့
lock ဖြည်ပြီး SheYan ဆီပေးလိုက်တယ်။
တစ်ဖက်လူကဖုန်းကိုမြှောက်ကာ "click" ဆိုတဲ့အသံလေးထွက်လာသည်။SheYan ကခဏအကြာလောက်စိတ်ကြိုက်ခြယ်လှယ်ပြီးChengYang ဆီပြန်ပေးလိုက်သည်။ တစ်ဖက်လူက သူ့ ပုံသူရိုက်
ထားတာတွေ့ လိုက်ရတော့ ChengYang အံ့အားသင့်သွားသည်။အကြောင်းမှာခုလိုအေးစက်စက်နဲ့
အနေတည်တဲ့သူကSelfieရိုက်ရတာမကြိုက်လောက်လို့
သူထင်ထားသောကြောင့်ပင်။ဒါ့အပြင် တဖက်လူရဲ့ချောမောတဲ့မျက်နှာကသူ့ ရဲ့ Desktop Wallpaper မှာနေရာမှာနေရာယူထားသည်ကိုမြင်တော့
ပို၍ပင်အံ့သြသွားတော့သည်။
YOU ARE READING
His son has a richest billionaires dad(Myanmar Translation)
RomanceAuthor(s) Shou Xin 狩心 Artist(s) N/A Year 2018 Status in COO Completed...66 Chapters Licensed N/A The Whole Story Isn't Mine.I just upload this because I want to.So, I give fully credit to the original publisher.BTW I've got permission from English...