Chapter 28.2

2.7K 564 19
                                    


Unicode


မကြာခင်မှာဘဲLiYeတို့နဲ့နေ့လယ်စာစားရန်ချိန်းဆိုထားသောနေ့သို့ရောက်ရှိလာခဲ့သည်။LiYeသည်အိမ်တံခါးခေါက်သံကြားလို့တံခါးသွားဖွင့်ပေးလိုက်သောအခါsuitအနက်နဲ့လူတစ်စုဟာသူ့တံခါးရှေ့တွင်ရပ်နေခဲ့ကြသည်။ထို့နောက်ထိုလူတစ်စုကသူ့အားဆွဲခေါ်သွားသောအခါLiYe တစ်ယောက်ရှော့ခ်ရသွားတော့သည်။

ချိန်းဆိုထားသောစားသောက်ဆိုင်တွင်မူChengYangနှသ့်SheYanတို့ကြိုရောက်နှင့်နေကြသည်။သိပ်မကြာခင်မှာဘဲ
ChengYangရေနွေးကြမ်းသောက်နေစဥ်သူတို့ထိုင်နေတဲ့သီးသန့်အခန်းနားသို့လာနေတဲ့ခြေသံတွေကြားလိုက်ရသည်။ထိုသူများဟာသေချာပေါက်ကိုLiYeနဲ့SongPengChengတို့အပြင်မျက်နှာတည်ကြီးတွေနဲ့လူတစ်စုတို့ပင်ဖြစ်သည်။LiYeတို့နှစ်ယောက်သည်သိသိသာသာကိုမျက်နှာပျက်လျက်ဖြင့်အခန်းအတွင်းသို့လျှောက်လာခဲ့ကြသည်။LiYeသည်လမ်းလျှောက်နေရင်းခြေတစ်ချက်ယိုင်သွားသောအခါChengYangမှာရီချင်စိတ်ကိုထိန်းထားကာသူ့အားခပ်တည်တည်ဖြင့်ကြည့်လိုက်သည်။သူ့အားခဏခဏဒုက္ခပေးတတ်သောဤနှစ်ယောက်အားလွှတ်ထားပေးရလောက်တဲ့အထိသူသည်သူတော်ကောင်းမဟုတ်ပေ၊သူသာငြိမ်ခံနေလိုက်ရင်အားနည်းတယ်လို့ထင်မှာအမှန်ပင်။

ထို့နောက်ChengYangကသူတို့နှစ်ယောက်အားမျက်နှာချင်းဆိုင်ကခုံနှစ်ခုံတွင်ဝင်ထိုင်ရန်အချက်ပြလိုက်သည်။
ယခုအခန်းထဲတွင်သူတို့လေးယောက်သာရှိသည်။

"အာ မင်းတို့ကိုငါမိတ်ဆက်မပေးရသေးဘူး ဒါက ငါ့ချစ်သူ SheYan ပါ"

SheYanကထိုင်ခုံအမှီကိုမှီရင်းထိုနှစ်ယောက်အားလမ်းဘေးပစ်ထားတဲ့အမှိုက်တွေလိုမျိုးအေးစက်စက်ဖြင့်ကြည့်နေသည်။
သို့သော်ထိုအမှိုက်များမှာသူတို့ဘာအမှားမှမလုပ်ထားသကဲ့သို့မည်သူ့အားကိုးနဲ့အကြောတင်းနေမှန်းတော့မသိပေ။

"ဟယ်လို ဥက္ကဌShe တွေ့ရတာဝမ်းသာပါတယ်"

SongPengChengကစတင်နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။LiYeကတော့လျှာတွေထုံနေပြီးဘာစကားတစ်ခွန်းမှမပြောနိုင်ပေ။
သူ့ကိုSheYanကြည့်နေပုံမှာသားရဲတစ်ကောင်ကြည့်နေသလိုခံစားရပြီးအခန်းမှာကျယ်ဝန်းသော်လည်းအသက်ရှူမဝသလိုပါခံစားလာရသည်။

His son has a richest billionaires dad(Myanmar Translation)Wo Geschichten leben. Entdecke jetzt