Chapter 2.2 (End)

5.3K 781 5
                                    

           Then I Will Help You

Zawgyi

She Yan ရဲ့လက်ထောက်ထွက်သွားပြီး မိနစ်
အနည်းငယ်လောက်အကြာမှာ ဆရာဝန်
ရောက်လာခဲ့တယ်။ဒီတစ်ကြိမ်မှာတော့ ခုနက
လိုမျိုး အခန်းတံခါးကတန်းမပွင့်လာဘဲ
အကြိမ်အနည်းငယ်ခေါက်ပြီးသည်အထိ သူ့ boss ကဖွင့်လာမည့်ပုံမပေါ်။
တစ်ခဏအကြာမှာတော့ လက်ထောက်က ဖုန်း
ဆက်ဖို့ကြိုးစားတယ် သို့သော်မကိုင်
အဲ့ဒါနဲ့ အင်တာနက်ကဆက်သွယ်တော့လည်း
မရ !

လက်ထောက်က သူ့ခုနကအခန်းထဲမှာတုန်း
က ကောင်ငယ်လေး ရေချိုးခန်းရဲ့ကြမ်းပြင်
ပေါ်လဲကျနေတာကို သတိရသွားတယ် ကောင်လေးရဲ့မျက်နှာက သူမြင်နေကျမဟုတ်ဘူး။ အဲ့ကောင်လေးကို သူ့ boss က ကယ်ခဲ့တယ်။
အလုပ်လုပ်လာတာ နှစ်အတော်ကြာပီဖြစ်သည့်တိုင် boss အနားမှာ ဘယ်ယောကျာ်း ဘယ်မိန်းမ မှမတွေ့ဖူးဘူး။ ထိုကောင်လေးကို ကြည့်တဲ့ boss ရဲ့အကြည့်တွေကတော့ အရင်ကနဲ့မတူတာကိုတော့ သူခံစားမိပါတယ်။
အခု boss နဲ့ကောင်လေး သူတို့နှစ်ယောက်က တစ်ခန်းထဲမှာ ! ပြီးတော့ ကောင်လေးအခြေအနေကလည်း.......
အဲ့ကောင်လေးက သူ့ boss ကို အန္တာရာယ် မပေးနိုင်ဘူးဆိုတာ သူသိပါတယ်။ ဖုန်းလည်းမကိုင် တံခါးလည်း မဖွင့်ပေး တာကြောင့် အခန်းကဒ်ယူပြီး ဖွင့်တာဘဲဖြစ်ဖြစ် တစ်ခုခုလုပ်လို့ရပေမဲ့ ကြည့်ရတာ မလိုအပ်ဘူးထင်ပါရဲ့။

အကယ်လို့ ထိုကောင်လေးနဲ့ သူ့ boss ကြားမှာ
တစ်စုံတစ်ခုသာဖြစ်ပျက်ခဲ့မယ်ဆိုရင် သူ့အနေနဲ့
ဝမ်းသာပီတိဖြစ်နေမိမှာအမှန်ပင်။ သူ့ boss ကစက်ရုပ်တစ်ရုပ်လိုဘဲအလုပ်အရမ်းကြိုးစားတာ
ကြောင့် boss ရဲ့ဘဝကြီးက ပျင်းရိဖွယ်ကောင်းလိုက်တာလို့ သူခဏခဏတွေးမိတယ်။

လက်ထောက်က ဆရာဝန်ကို အလောတကြီး
ခေါ်ပြီး ဒီလိုအခြေအနေနဲ့ကြုံလိုက်ရလို့ တောင်းပန်လိုက်တယ်။ ဆရာဝန်က အခန်းထဲကလူက
ဘယ်သူလဲဆိုတာ သိရှိနေပြီးတာကြောင့်
အသာတကြည်ဘဲ အဆင်ပြေကြောင်းပြော
ပြီး သူ့အခန်းသူပြန်တော့တယ်။
ဆရာဝန်ပြန်သွားပြီး နာရီဝက်ကြာသည်အထိ
အခန်းတံခါးက ပွင့်လာဖို့အရိပ်အယောင်တောင်
မတွေ့တာမို့ လက်ထောက်လည်း သူ့အခန်း
သူပြန်ရတော့တယ်။

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now