Chapter 7

4.6K 784 5
                                    

                         Sleep

Zawgyi

သိပ်တောင်မစောင့်လိုက်ရခင်မှာဘဲ အခန်းတံခါးပွင့်သံကို Cheng Yang ကြားလိုက်ရတယ်။
ဖုန်းထဲကအသံဖမ်းစက်ကိုဖွင့်ထားပြီး မျက်လုံးတွေကို မှိတ်ကာ တဖက်လူရဲ့ခြေသံကို နားထောင်နေလိုက်တယ်။

အမှုဆောင်ဒါရိုက်တာ ကအခန်းထဲဝင်ဝင်လာချင်း ကောင်လေး သူ့ ဘက်ကိုမျက်နှာမူပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေတာကို တွေ့ လိုက်ရတယ်။
ကောင်လေးရဲ့ သွယ်လျတဲ့ မျက်နှာ
ကောက်ကြောင်းက သူ့ စိတ်တွေပိုလှုပ်ရှား
သွားစေတယ်။ သူ့ ရှေ့က လှပတဲ့ကောင်လေး
ကို ပိုင်ဆိုင်ရတော့မဲ့အကြောင်းတွေးမိတော့
အမှုဆောင်ဒါရိုက်တာက တံတွေးတောင်မျိုချမိ
သွားတယ်။ သူက ကုတင်အနားကိုလာပြီး
Cheng Yang ကိုယ်ပေါ်ကစောင်ကို ဖယ်
လိုက်တယ်။ပြီးတော့ Cheng Yang ကိုယ်လေး
ကို ပက်လက်လှန်လိုက်ပြီး သူပါ ဝင်လှဲမလို့ 
လုပ်လိုက်တယ်။ အဲ့အခ်ိန္မှာ Cheng Yang
မျက်လုံးတွေဆက်ခနဲ ပွင့်လာတယ်။ ထိုမျက်လုံး
တွေထဲမှာကြည်လင်နေပြီး အိပ်ချင်မူးတူးဖြစ်
တဲ့ အရိပ္အေယာင္တစိုးတစဥ္းမှ်မရှိ ။အမှုဆောင်ဒါရိုက်တာ က ကြက်သေသေသွားတယ်။
သူပေးလိုက် တဲ့ဆေးသောက်ပြီးတာတောင်
ဒီကောင်လေးက နိုးနေတယ် !

"သြော် ခင်များကိုး !"
Cheng Yang ဒီလူ့ ကိုမှတ်မိတာပေါ့ ။ မနေ့ က
သူ့ ကို ဟိုင်အီးနားခွေးတစ်ကောင် အသားတွေ့ 
လိုက်သလိုမျိုး သရေတွေကျပြီး ရွံ့ စရာအကြည့်
တွေနဲ့ ကြည့်နေတဲ့ လူ !

"မဟုတ်မှ.....မင်း ဆေးမသောက်ဘူးလား"

အမှုဆောင်ဒါရိုက်တာ ကဖြစ်နိုင်ချေရှိမဲ့ဟာကို
မေးလိုက်တယ်။ သောက်ရင်ဒီလိုပုံစံဖြစ်စရာ အကြောင်းကိုမရှိဘူး ။

Cheng Yang ကအေးစက်စက်ပြုံးလိုက်ပြီး
"သောက်တယ်လေ"

"ဒါဖြင့် ဘာလို့ ...."

Cheng Yang က ထိုလူပြောလို့ မပြီးခင်ဖြတ်
ပြောလိုက်တယ်။

"ကျွန်တော်ထင်တာမမှားဘူး အရင်တစ်ခေါက်
ကလည်း ခင်များမဟုတ်လား "

Cheng Yang ကုတင်ပေါ်က ထရင်းပြောလိုက်
တယ်။

"ငါနဲ့  မိတ်ဆွေလုပ်ရင် မင်းကိုဆုတွေအများ
ကြီးပေးမယ်လေ "

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now