Chapter 28.1

2.5K 565 25
                                    

Unicode






နာရီတော်တော်ကြာပြီးနောက်ChengYangရွှံစေးပုံသွင်းခြင်းအမှုကိုရပ်လိုက်ပြီးဖုန်းဖွင့်ကြည့်လိုက်တော့သူ့fanတွေနဲ့မိတ်ဆွေတော်တော်များများကသူ့ကိုအဆင်ပြေရဲ့လားဟုစာများပို့ထားကြသည်။ထို့ကြောင့်သူအဆင်ပြေကြောင်းစာပြန်လိုက်သည်။
သို့သော်ChengYangကိုအံ့သြစေသောအချက်မှာသူနဲ့သိပ်အဆက်အသွယ်မရှိသောZidianဟူသည့်live broadcasterကပါသူ့ဆီစာပို့ထားခြင်းဖြစ်သည်။

(T/Nမှတ်မိကြလား🤧မမှတ်မိရင်chapter26မှာပါပါတယ်)

ထိုတစ်ယောက်သည်သူနှင့်SheYanတို့ကိုဓာတ်ပုံရိုက်သွားတဲ့သူတွေကိုသိတယ်ဟုတိုက်ရိုက်ပြောလာသည်။ထို့ကြောင့်ChengYangကဘယ်သူလုပ်တာလဲလို့ချက်ချင်းပြန်မေးလိုက်သည်။ZidianကမဖြေသေးဘဲChengYangအား"မင်းကGayလား?"ဟုအရင်မေးသည်။

CY:"ဟုတ်တယ်"

Zidianကသူသိချင်တဲ့အဖြေလည်းရရောထပ်ပြီးသွယ်ဝိုက်မနေတော့ဘဲဓာတ်ပုံခိုးရိုက်တဲ့သူတွေကိုပြောပြလိုက်တယ်။

ထို့နောက်အခုမှweiboပေါ်ပြန့်နေတဲ့ဓာတ်ပုံတွေကိုမြင်သွားတဲ့SheYanဆီမှဖုန်းကောလ်ဝင်လာသည်။ChengYangကအရမ်းအောင်မြင်တဲ့live broadcasterမဟုတ်သေးသော်လည်းသူတို့လုပ်နေတဲ့platformမှာကားအောင်မြင်ကျယ်ပြန့်လှသည်။ဒီနယ်ပယ်မှာရှိတဲ့သူတွေတစ်ဆင့်တစ်ဆင့်သတင်းပွားရာကနေ၄င်းအကြောင်းအရာမှာhotsearchအထိဝင်သွားပြီးနာမည်ကြီးသွားသည်။ထို့ကြောင့်SheYanမှာသတင်းသိသိချင်းChengYangကိုစိတ်ပူသဖြင့်companyမှပြန်လာရန်အောက်ထပ်ကိုဆင်း နေတုန်းဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်အဆင်ပြေပါတယ် ပြီးတော့ ဘယ်သူလုပ်တယ်ဆိုတာလည်း ကျွန်တော်သိတယ်"

SheYanအသံမှာအနည်းငယ်တင်းမာသွားပြီး

"ဘယ်သူလဲ!"

"ခင်ဗျားသိမှာပါ အရင်တစ်ခေါက်က ကျွန်တော့်ကိုဆေးခတ်သွားတဲ့နှစ်ယောက်လေ"

ZidianပြောတာကိုChengYangယုံတယ်၊ဘာလို့လဲဆိုတော့LiYeတို့နှစ်ယောက်သူနဲ့SheYanကိုဓာတ်ပုံခိုးရိုက်နေတဲ့ပုံကိုZidianကပို့ထားသောကြောင့်ဖြစ်သည်။ကြည့်ရတာLiYeနဲ့SongPeng
Chenတို့ သူ့ကိုတော်တော်မုန်းပုံရတယ်…ဘယ်လိုပဲဖြစ်ဖြစ် ခွေးကသူ့ကိုကိုက် သော်လည်း သူကပြန်ကိုက်လို့မဖြစ်ပါ သို့သော် ကိုက်တတ်တဲ့ခွေးများကိုသူ့အနားထပ်မကပ်အောင်တော့လုပ်ရမည်။

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now