Abortion Pills(2)
Zawgyi
SheYanသူ့ဘေးထိုင်လိုက်တာနဲ့တပြိုင်နဲ့သူ့လက်မောင်းတစ်လျှောက်ကနေတစ်ကိုယ်လုံးကnerveကြောတွေထိကျဉ်တက်လာပြီးသူ့နှလုံးသားလေးကလည်းနစ်မွန်းသွားသလိုခံစားလိုက်ရတယ်။ဒါကမေမှ်ာ္လင့္ထားတဲ့ေတြ ့ဆံုမှုဘဲ။
ဒါမဲ့SheYanနဲ့သူ့ရဲ့လက်ထောက်ကအခုလိုဆိုင်ထဲထိဝင်လာမယ်လို့တော့သူမထင်ထားခဲ့ဘူး။အခုတော့တစ်ဖက်လူကအံ့သြစရာကောင်းစွာသူ့ဘေးမှာတောင်ထိုင်နေပြီ။အနေအထားအရSheYanကသူ့ဘယ်ဘက်တွင်ရှိကာသူမသက်မသာဖြစ်ပြီးSheYanကိုခိုးကြည့်နေချိန်တစ်ဖက်လူရဲ့အကြည့်တွေနဲ့ပက်ပင်းတိုးတော့သည်။ပြတင်းပေါက်ကနေဖြတ်လာတဲ့ညလေအေးကတစ်ဖက်လူရဲ့အေးစက်စက်အမူအယာကိုပိုမိုဖြည့်တင်းနေသည်။သူအထင်မှားတာလားတော့မသိပေမဲ့SheYanကသူ့ ကိုစိတ်တိုနေသလိုဘဲ။
ဘာလို့ စိတ်ဆိုးနေမှန်းတော့သူလည်းမသိဘူး။"YangYangမင်းအသိတွေကိုငါတို့နဲ့မိတ်ဆက်မပေးတော့ဘူးလား"
XiaYinanရဲ့အမြင်မှာအရပ်ပိုရှည်ပြီးချောမောတဲ့လူကတစ်ခုခုကိုအလိုမကျနေသလိုဘဲ။သူတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့သူကSမြို့ရဲ့အချမ်းသာဆုံးဆိုတဲ့အချက်တော့မသိကြသေးပေ။
ChengYangကXiaYinanကိုကြည့်လိုက်တယ်။တကယ်ပါဘဲ သူ့ပါးစပ်ထဲကိုပုစွန်ဖက်ထုပ်တွေနဲ့
သာပိတ်ထားလိုက်ချင်တော့တယ်။ChengYangမိတ်ဆက်ဖို့ချိတုံချတုံဖြစ်နေချိန်မှာလက်ထောက်ကဘဲဝင်ပြီးမိတ်ဆက်လိုက်တယ်။
သူ့နာမည်ကိုအပြည့်အစုံပြောပြီးSheYanကိုတော့Mr.Sheဟုသာသိစေသည်။အမှန်တော့ChengYangတို့စားထားတဲ့ဟော့ပေါ့ကကုန်ခါနီးနေပြီ။ဒါမဲ့လက်ထောက်ကစားပွဲထိုးကိုခေါ်ကာmenuစာအုပ်ကိုSheYanဆီပေးလိုက်သည်။SheYanကဘောပင်ကိုင်ကာဟင်းပွဲအနည်းငယ်ကိုခြစ်လိုက်သည်။
သူ့ပုံစံကစားသောက်ဆိုင်မှာဟင်းပွဲမှာနေတာနဲ့မတူဘဲအရေးကြီးစာတမ်းတွေကိုလက်မှတ်ထိုးနေတာနဲ့တောင်တူသည်။
မကြာခင်စားပွဲထိုးကမှာထားတဲ့ဟင်းပွဲတွေလာချသည်။ChengYangအံ့သြသွားသည်မှာဟင်းပွဲတွေအကုန်သူ့ အကြိုက်တွေချည်းပင်။
သူ့နှလုံးခုန်သံတွေမြန်လာပြီးသူနဲ့SheYanသင်္ဘောပေါ်မှာစားခဲ့တဲ့အကြောင်းတွေကိုမတွေးမိဘဲမနေနိုင်ဘူး။အဲ့အချိန်တုန်းကတော့သူတို့နှစ်ယောက်ကခဏတာချစ်သူတွေဆိုတော့အခုနဲ့ခံစားချက်ချင်းကမတူ။အခုကသူ့ ဗိုက်ထဲမှာတစ်ဖက်လူရဲ့ကလေးရှိပေမဲ့သူ့ စိတ်ထဲSheYanကကလေးကိုလုယူနိုင်တယ်လို့တွေးမိတာကြောင့်ဒီအခြေအနေကသူ့အတွက်နေရတာအခက်တွေ့ စေတယ်။
YOU ARE READING
His son has a richest billionaires dad(Myanmar Translation)
RomanceAuthor(s) Shou Xin 狩心 Artist(s) N/A Year 2018 Status in COO Completed...66 Chapters Licensed N/A The Whole Story Isn't Mine.I just upload this because I want to.So, I give fully credit to the original publisher.BTW I've got permission from English...