~39~

15.8K 928 48
                                    


အချိန်တွေက တ​ဖြေး​ဖြေးနဲ့​ပြောင်းလဲလာပီး ကုန်လွန်လာတာနှင့်အ​လျောက် သားသားမှာ မူလတန်း​ တက်ရမည့်​ကျောင်းသား​လေးဖြစ်လာ​တော့သည်။​မောင့်ခမျာလဲ အဆို​တော်ပါမက ​အေဂျင်စီပါ ​ထောင်လိုက်​တော့ ပိုပီး အလုပ်များ​​နေရရှာသည်။သို့​ပေမယ့် သားသားနဲ့သူ့အား အမြဲအချိန်​ပေး အမြဲတယုတယ ​ပိုး​​မွေးသလို​လေး ထားသည်။

ပိုင့်ပိုင့်မှာ​တော့ သား​မွေးပီးတည်းက
၀၀ပြည့်ပြည့်​လေးဖြစ်လာ​လေသည်။​ဆေးရုံအတွက်က ညီနိင်ဘဲ အကုန်ကူလုပ်ပီး ဦးစီး​ပေး​တော့ သူ့အတွက်က သားသားကို ထိန်းရုံဘဲ။
တကယ်​တော့ ထိန်းသည်ထက် ကြည့်ရုံဘဲသာ သားသားက အရမ်းလူကြီး​လေးနဲ့တူသည်။ စကားအား..လိုတာထက်ပိုမ​ပြော သူ့ဆီက
အ​မွေရတဲ့ ပါးချိုင့်​လေးနှစ်ခုအား...မိသားစုနဲ့အဖိုးအဖွားနဲ့အတူရှိချိန်ကလွဲ မ​တွေ့ရတက်​ပေ။

"ပါးးပါးးး...ထမင်း​စားရင်း​​ တခြားဟာ​တွေး​နေလို့ ထမင်းမကုန်ရင် daddyနဲ့တိုင်​ပြောမှာ​နော်..."

"ဟင်....ဟားးဟားး...ပါးပါးးက...တခြားဟာမ​တွေးပါဘူး..သားသားနဲ့daddyအ​ကြောင်း​​တွေး​နေတာပါ...."

သားသားကသူ့daddyစကား​တော့ ​မြေ၀ယ်မကျကိုနား​ထောင်သည် ​မောင့်ကို ပိုင့်ပိုင့်
အ​ကြောင်းညတိုင်း အကုန်ပြန်​ပြော​ပြလေ့ရှိသည်။​မောင်ကလဲမှာထားသည် ပိုင်ပိုင့်အားအရိပ်တကြည့်ကြည့်​​ စောင့်ကြည့်​စေရန်။

သူများ​တွေလို ​ဘော်ဒီကတ် ကို ငှားစရာမလို။
အိမ်က ​အကုန်​​ဒေါင့်​ထောက်​အောင်လိုက်ကြည့်ပီး ​စောင့်​ရှောက်​နေတဲ့ လူသားနှစ်​ယောက်နဲ့ကို ပိုင်ပိုင်တို့ဘ၀က လိုအပ်တာထက်ပြည့်စုံ​နေ​လေပြီ။

"မနက်ဖြန်ကြရင်...​ကျောင်းတက်ရ​တော့မယ်..သူငယ်ချင်း​တွေ အများကြီးမထား​ရင်​တောင် တစ်​ယောက်တစ်​လေ​တော့ စကားပြန်​ပြောပီး ရင်နှီး​အောင်​နေ​နော် သား..."

"မထားချင်ဘူးး...သူငယ်ချင်း.."

စူစူပုတ်ပုတ်​လေး​တစ်လုံးချင်း​ပြောလာသည့် သားသား​ကြောင့် ပိုင့်ပိုင့်မှာ ဆက်​ပြောရမည့် စကား​တောင် အကြံအိုက်သွား​လေ​တော့သည်။

^My Bad Guy ^(Z&U)Where stories live. Discover now