~26~

25.9K 1.6K 81
                                    


ဟိုနေ့ထဲက မောင့်ဖြစ်သွားသည့်ကိစ္စနဲ့
ပတ်သတ်ပီး ပိုင်ပိုင်သူ့ကိုယ်သူလဲ မကျေနပ်ပါ။သွား​မေးဖို့မှာလဲသူ့အတွက်အခွင့်
မသာခဲ့​ပေ။ရှုပ်လိုက်ရ
သည့် အလုပ်တွေနှင့် ​ခွဲခန်းရက်ချိန်းတွေ။တကယ်ဆိုမားပြောသလို သူ့ကြောင့်မောင်က အတွင်းပါမဟုတ်ဘူး အပြင်ပါ ဒဏ်ရာရသွားသေးသည်။
ဘယ်လိုပဲအစက စိတ်ဆိုးဆိုး ခုသူလဲအသက်ကငယ်တော့တာမဟုတ်ပါ။အခွင့်အရေး​ပေးဖို့မောင့်ကို လိုလိုလားလားသူ့စိတ်ထဲကစဥ်းစားပီးသားပေ။
တကယ်ဆို သူတို့ကခုထိအကြင်လင်မယားပေ။ကွာလဲမရှင်းရသေးသလို စာချုပ်မှာလဲလက်မှတ်မထိုးရသေးပါ။

"အယ်သွားးးပီ..."

စာချုပ်အကြောင်းပြောမှ သူစိတ်ဆိုးကာ
ဟိုနေ့ထဲက သူတို့နှစ်ယောက်အိမ်မှာထားခဲ့ခြင်းဖြစ်သည်။မောင်ခုထိမတွေ့သေးလို့လား။
ဒါမှမဟုတ်တွေ့သွား၍များလား လက်မှတ်ထိုးပီး လို့များ..ဆက်တောင်မတွေးရဲစွာ..ဝုန်းကနဲထရပ်လိုက်မိ​တော့သည်။

သူလဲကြောက်ပါသည် တကယ်ဝေးရတော့မည်ဆိုသည့်အရာမျိုး...

"ဟင်းးးခုချိန်သွားလို့လဲမကောင်းပါဘူး..မနေ့တစ်နေ့ကထိ ကောင်းကောင်းမဆက်ဆံသည့်သူကလူနာလာမေးတယ်ဆိုတော့ သူ့ကိုပုံမှန်မဟုတ်တော့ဘူးလားလို့ မောင်ရောမောင့်သူငယ်ချင်းတွေရော ထင်သွားမှ"

ဒီလိုနဲ့တောင်စဥ်ရေမရ တစ်ခုတွေးလိုက် ၊ထရပ်လိုက်၊ ထိုင်လိုက်ဖြင့် ပိုင်ပိုင်တစ်ယောက်
သူ့ရုံးခန်း​​​လေးထဲတွင် ​ဗြာများနေပါတော့သည်။

********************************
သုံးရက်လောက်အနားယူပီးချိန်တွင်တော့
မင်းစက်အတွက် ကိုကို့အားဘယ်လိုပြန်လိုက်ရ
မလဲစဥ်းစားနည်းရရှိပေတော့သည်။
သူတို့နှစ်ယောက်အိမ်ပြန်သွားတော့လဲ တွေ့ရ
သည့် စာချုပ်လေးကြည့်ပီး သူတစ်ချက်ရီမိခဲ့ပါသည်။သူ့ကို ငယ်ငယ်ကလို လွယ်လွယ်လက်လျှော့မယ့်ကလေးထင်နေတုန်းကိုကိုက။

ဒီတစ်နည်းမဟုတ် နောက်တစ်နည်း
သူဘယ်လိုဖြစ်ဖြစ် ကိုကို့ကိုလိုက်မှာဘာလို့ဆို
သူ့ဆိုသည့်ကောင်က ကိုကိုမှကိုကို
ခရေဇီဖြစ်နေလို့....

^My Bad Guy ^(Z&U)Where stories live. Discover now