Unicode
"မတွေ့ရတာတောင်ကြာပီနော်
ကိုမင်း""မင်းနဲ့ငါရွယ်တူဘဲနာမည်ခေါ်ရင်
ရတယ်သွန်းဝတီ"ကျောင်းပြီးကတည်းက မတွေ့ရတော့ပေ
မယ့် မျက်နှာပြောင်တိုက်တာကတော့ သွန်းဝတီက အရင်အတိုင်းပင်...."ဟားဟား....ဘယ်လိုလုပ်မလဲ
ကျောင်းကတည်းကခေါ်လာတာ
အကျင့်ဖြစ်နေပြီဒို့က"ရီကျဲကျဲနဲ့ပြောနေသည့် သူမပုံက
အမြင်ကတ်စရာ။အနက်ရောင်eyelinerတွေကို တအားသ
ဖြင့် ခြယ်သထားသည့် သူမပုံစံက
မင်းစက်အတွက်
နေ့ခင်းကြီးသရဲခြောက်ခံ နေရသရောင်။"နည်းနည်းလေးမှ မပြောင်းလဲဘူးဘဲမင်းက"
"အဲ့ဒါမကောင်းဘူးလားးဟင်"
မေးထောက်၍မျက်ခုံးတစ်ဖက်ပင့်ပြီး ပြောနေသည့် သွန်းဝတီပုံစံက ဇာတ်ကားထဲကလူယုတ်မာလုပ်မည့်စတိုင်။
"အလုပ်အကြောင်းဘဲဆွေးနွေးရအောင် ငါအပိုစကားမပြောချင်ဘူး"
"ဟုတ်ပြီလေ ... စကြတာပေါ့..ကိုမင်းး"
မချစ်သော်လဲအောင့်ကာနမ်းရပေဦးမည်
မင်းစက်အာဏာရေ....စိတ်ပျက်လက်ပျက် ကိုယ့်ကိုကိုယ်သာအားပေးလိုက်တော့သည်။
****************************
"ညီ..ဒီနေ့ ကိုယ် ဂျူတီမရှိလို့ အပြင်မှာ
မုန့်လိုက်ကျွေးမယ် မငြင်းရဘူး ကြိုပြောထားမယ်နော်""အာ..အားနာစရာကြီးအကို"
နေ့ခင်းပိုင်း လူနာစာရင်းများအား
သေချာကြည့်နေစဥ် ပိုင်ပိုင့် ရုံးခန်းထဲသို့
ကိုနိင်ဝင်း ၀င်လာ၍ မုန့်ကျွေးချင်ကြောင်း ဇွတ်လာပြောလေသည်။"မအားနာစရာကြီးပါဗျာ..လိုက်ခဲ့ပါ..ညီရာ
ကိုယ်ခေါ်တိုင်း ငြင်းတာတွေများနေပြီ
စိတ်ဆိုးတော့မှာနော်"မတက်နိင်ဘူးး..ညီ ။ မင်းသာလက်ခံ
မယ်ဆို ရုပ်ကြမ်းကြီးနဲ့ချွဲရမယ်ဆိုလဲ ကိုယ်လုပ်မယ်။
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡