~11~

26.5K 2.1K 71
                                    

   ဆိုင်အတွင်းထဲတွင် စားသောက်သည့်အနေအထားကိုပင် အာရုံမရှိသော
လူနှစ်ယောက်ကတော့ အပြန်အလှန်
စိုက်သာကြည့်နေလေ၏။

အသေအချာကို ဘယ်လိုလဲဆိုသည့်ပုံစံ
ဖြင့် စိုက်ကြည့်​နေသည့် မောင့်ပုံစံက ငယ်ငယ်ကသူအပြိုင်၊  ငါအပြိုင်အရွဲ့
တိုက်ချင်နေသည့် က​လေးအထာနဲ့။

ဒါပေမယ့် ဘယ်လိုလုပ်မလဲမောင်....
သိပ်ချစ်လွန်းလို့ထင်သည်..  ပြိုင်ပွဲတိုင်း
ပွဲမဝင်ဘဲ​ ​​မောင့်ကိုသာ အနိင်​​ပေးချင်းနေသည့်အရှုံးသမားလေး ငါက။

"ညီ....စားမ​ကောင်းလို့လားး.."

​မောင်နဲ့မျက်လုံးချင်းစိုက်ကြည့်၍ ​သွေး​​အေးတိုက်ပွဲ ....မဟုတ်ဘူး ...တစ်ဖက်သတ်တိုက်ပွဲဆိုပိုမှန်မည်။

တစ်​ယောက်​သောသူကို လက်နက်ချ
အရှုံး​​ပေးထားသည့် တိုက်ပွဲ ဆင်နွဲ​နေကြ​
သည်ကို  ကိုနိုင်ဝင်းက 
အစားအ​သောက်​တွေ
မကြိုက်ဘူးဟု ထင်​နေသည့်ပုံ​။

"ဗျာ..အာ..ဟုတ်ကဲ့ စား​ကောင်းပါတယ် ကိုနိုင်"

"​အော်အွန်းပါ..စားစား"

"ဟုတ်ကဲ့"

ခေါင်းသာညိမ့်ပြရသည် လူကတော့ပြုံးစိစိရယ်။မောင်ကတော့..တကယ်ပါဘဲကွာ...

ခေါင်းရမ်းပြီးသား ပိုင်ပိုင်ပြုံးနေမိတော့သည်။
**********************
"ကိုမင်းး.."

"........"

"ကိုမင်း..!!!"

"ဟမ်...အာ..အင်းး​တိုးတိုးခေါ်စမ်းမှာ"

အရှေ့တည့်တည့်ရင်ကို အသံကျယ်ကြီးနဲ့ခေါ်နေသည့် သွန်းဝတီအား
သူမျက်မှောင်များကြုံးပြီးကြည့်လိုက်
သည်။

"​တိုးတိုး​ခေါ်တာ ကိုမင်းမှမထူးတာ ဘာ​တွေအဲ့လောက်ကြည့်​နေတာတုန်း"

"ဘာမှမဟုတ်ဘူးး"

"ဘာမှမဟုတ်ဘဲ....ဒို့ကို​ရော ..
ဘာလို့​ခေါ်လာတာတုန်း ဒီ​နေရာ "

"..ဒီတိုင်း..အား​နေလို့"

"ဟမ်........" သွန်းဝတီတစ်​ယောက် ​
ပြောစရာစကားများ ​ပျောက်ရှသွား​လေသည်။

^My Bad Guy ^(Z&U)Where stories live. Discover now