"ကိုကို..""ကိုကို..ထတော့လေနော်..."
"အင်း.....မထချင်ဘူးး.."
"ထပါကိုကိုရဲ့..ရောက်လာမှတော့အချိန်တိုင်းအကျိုးရှိအောင် ဖန်တီးရအောင်လေနော်.."
"ခနလောက်အိပ်ပါရစေ..မောင်ရယ်...ပီးတော့မင်းကြောင့်နော်...လူကိုနှိုပ်စက်ပီး..အတင်းနှိုးနေတာ..ဟွန်း.."
စူပုတ်ပုတ်လေး ခုထိမျက်လုံးမဖွင့်သေးဘဲ စောင်လေးထဲကွေးနေရာက ရန်ထောင်နေတဲ့ကိုကို့ပုံစံလေးက နေ့တစ်ရက်တာအစပြုဖို့ ကျွန်တော့်ရဲ့အားအင်လေး ။
"....ဟောဗျာ..နှိုပ်စက်တာမဟုတ်ရပါဘူး.....ချစ်လိုက်တာပါကိုကိုရာ.....အရမ်းကို ငုံထားမတက်မို့"
"ချုပ်နေလိုက် အချိန်တိုင်း..အာ့စကားတွေကြောင့် မနက်မိုးလင်းမှအိပ်ရလိုက်တာဘဲ..."
မျက်နှာလေးရှုုံ့ မဲ့ပီးပြောနေတဲ့ ပုံစံက အူယားဖွယ်အတိ။
ကိုကိုကစုန်းလေးများလား.....
အမြဲပြုစားနေတော့တာဘဲ ...
ဒီကကောင်ကို....."ဟားးဟား....ကိုကိုက တအားလှနေတာကိုလို့....အင်း..ထတော့နော်..ကျွန်တော်မဟုတ်ရင်.."
"မဟုတ်ရင်...ဘာလဲ"
စကားကိုဆက်မပြောဘဲ တန်းလန်းရပ်လိုက်တဲ့မောင့်ကြောင့် ပိုင်ပိုင်စကားဆက်ရန်ထောက်လိုက်သည်။
"မဟုတ်ရင်...ဒီနေရာတင်..ကိုကို့ကို ချစ်လိုက်
မှာမို့...""မောင်..!!"
ဘယ်နဲ့မောင်ကတကယ့်ကို..မညှာမတာ..ပြောထွက်တယ်။ဆရာ၀န်မို့..ဆေးတွေ..ဘာတွေဆောင်ထားလို့..နာတာ..နည်းနည်းသက်သာသေးတယ်။သာမာန်လူဆို ဘယ်နားကအသက်ထွက်ရမှန်း..မောင်ကြမ်းတာနဲ့ သိမှာမဟုတ်ပေ။
"ဖြေးဖြေးလေးအော်ပါကိုကိုရယ်...လည်ချောင်းလေးတွေ နာသွားမှာစိုးလို့.."
"တော်ပီ...ထတော့မယ်..မင်းကတကယ့်ကို
နှာဗူးအကြီးစား...စာနာစိတ်မရှိ...ဂရုဏာကင်းမယ့်တဲ့လူကြီး.."မင်းစက်ကို စိတ်တိုသည့်ပုံစံဖြင့် တစ်တွတ်တွတ်စူပုတ်ပုတ်လေး ပြောပီး စောင်ပုံထဲကထွက်သွားသည့် အဖြူလုံးလေးမှာ..ခန္ဓာကိုယ်မှာ..ဘာမှမဝတ်ထားမှန်းသူ့ကိုယ်သူ သတိမထားမိသည့်ပုံ...ကောက်ထသွားလေသည်။
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡