~ ဂျိန်းးးး~ဘုရားခန်းလေးထဲတွင် ပိုင်ဟိန်းခန့်
တစ်ယောက်ရေချမ်းကပ်ဝတ်ပြုနေစဥ် အပြင်ဘက်မှမိုးခြိမ်းသံများကြား၍
ကိုယ်လေးတုန်သွားလေ၏။ထို့နောက် မိုးသဲကြီးမဲကြီးရွာရင်
မီးပျက်တော့မှာဟု ကြိုတင်သိကာ
မြန်မြန်ဝတ်ပြုခြင်းအမှု့ကိုပြု
မီးအိမ်နဲ့phလေးကိုကောက်ယူ
အောက်ထပ်သို့ဆင်းကာ
တံခါးအပေါက်၀နားလေး
မောင့်ကိုထိုင်စောင့်နေလိုက်သည်။"တီ....တီ..."
ဟော..ကားသံကြားပြီဖြစ်၍ မောင်လာ
ပြီဆိုတာသိမှသာ ထရပ်လိုက်ပြီး
ဧည့်ခန်းထဲသို့ သွားထိုင်နေလိုက်သည်။"ဟိ...ဟိ...အာ...မဆိုးနဲ့နော်ယူ.."
"ဟားးဟားးး..ဆိုးတာကဘယ်သူလဲဘေဘီ"
ဧည့်ခန်းထဲသို့ရောက်သည်နှင့် အနောက်မှ
ချွဲပြစ်နေသောအသံဖြင့် ပြောနေသည့်
မိန်းကလေးနှင့်မောင်ရဲ့ရီသံတို့က အိမ်ထဲတွင် နှစ်ဦးတည်း ရှိသည့်နှယ်
ပြန့်လွင့်ကာကျည်စယ်နေကြသည်။"ဟင်..သူဘယ်သူလဲ.....ကိုကို"
ဧည့်ခန်းထဲရောက်သည်နှင့် မောင့်ဘေးကနှုတ်ခမ်းနီရဲရဲ စကပ်တိုတိုနှင့်ခပ်ဟော့ဟော့မိန်းကလေးသည် မောင့်ရဲ့
ရင်ဘက်အားပွတ်သပ်၍ ချွဲပြစ်စေးကပ် အသံကြီးဖြင့် သူ့အားကြည့်၍ စကားဆိုလေသည်။တကယ်တော့..အဆိုတော်
မင်းစက်အာဏာနှင့်သူ့အမျိုးသားကို
မသိစရာအကြောင်းကမရှိချေ။
ပွဲလန့်တုန်း..ဖျာခင်းထား ဆိုသည့်အတိုင်း..ကိုယ့်ဘက်ကို အပိုင်တွက်ထား၍ သူ့အားဂရုမစိုက်သည့်အချိုး လာလုပ်နေခြင်းပေ။ဘယ်သူလဲမေးကတည်းက
သက်သက်မဲ့သူ့အား ခနှဲ့နေသည်ဖြစ်၍
ပိုင်ပိုင် မျက်နှာသာဆန့်ကျင်ဘက်သို့
လွှဲထားလိုက်သည်။"ကျစ်...မီးကခုထိလဲမပျက်သေးဘဲကွာ
မိုးလေးတစ်ဖြောင့်နှစ်ဖြောင့်ရွာတာကို ခင်ဗျားကဘာကိစ္စ မီးအိမ်တွေကိုင်ပြီး
ငုတ်တုတ်လာထိုင်နေတာလဲ"အင်းးကြားရပါပြီ မောင့်အသံလေး..
နားဝင်မချိုတာကလွဲလို့..ကျန်တာ
အဆင်ပြေနေသေးတယ်မောင်...
YOU ARE READING
^My Bad Guy ^(Z&U)
Romance•^မောင်က ငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡ သိပ်ဆိုးလွန်းတယ်မောင်♡ •^မောင်ကငါ့ကိုငိုအောင်လဲလုပ်နိင်တယ် ပျော်အောင်လဲလုပ်နိင်တယ်^• ♡သိပ်ဆိုးလွန်းတယ်မောင်က♡