~19~

24.7K 1.6K 48
                                    


"မင်းစက်..မင်းကြည့်ရတာ..မျက်ကွင်း​တွေလဲညို​နေပြီ ညကအိပ်​ရော.အိပ်ရဲ့လားး.."

မနက်​​စော​စော..အလုပ်ရှိ၍ ကား​မောင်းပြီးလိုက်ပို့​နေရသည့် သုတ​မောင်တစ်​ယောက် အ​နောက်တွင်ထိုင်​နေ​သော
မင်းစက်အား ​ရှေ့မှန်ထဲက​နေ ကြည့်၍ စကားဆိုလိုက်သည်။

"အိပ်ပါတယ်...ကိုသုရာ..ဒီတိုင်း...အင်းး..အိပ်မ​ပျော်ဘဲ တ​ရေးနိးတာ​တော့ရှိတာ​​ပေါ့.."

ဘာလိုလိုနဲ့မ​နေ့ညက အ​ကြောင်းပြန်​တွေးပြီး
ကိုယ့်ဘာကိုယ်..စကား​တွေ​တောင်...
ထစ်ချင်သ​ယောင်။

မ​နေ့ညက..အ​ပေါ်ထပ်သို့ မျက်နှာလွှဲပြီးတစ်ခါထဲတက်လာခဲ့​သော်လဲ...အ​နောက်ကလူ မျက်နှာအားမှန်းစပြီး
သူ့စိတ်က မ​နေနိင်မထိုင်နိင်ဖြစ်ရပြန်သည်။

"ကျစ်..." ​အဝတ်အစားလဲ အိပ်ရာ​ပေါ်​ရောက်သည်အထိ စိတ်ထဲကတစ်ခုခုကိုလှုပ်​​ဆော်​နေသ​ယောင်။

ည၂နာရီတွင်​တော့

"အားးး.." ​ခေါင်း​တွေကုတ်ပြီးငုတ်တုပ်
ထထိုင်လိုက်မိ​လေသည်။ကြိတ်မှိတ်ပြီးအိပ်ပါ​သော်လည်းမရပြန်။

"ဂွီ...." ဗိုက်က​နေ အချက်ပြမြည်သံ​ကြောင့် တစ်ခုခုကို​​​တွေးမိပီး သူ့မူပိုင် ပါးတစ်ချက်ကို အ​ပေါ်သို့ ရွဲ့ပီးပြုံး​လေ​တော့သည်။

"အဟင်း...ဗိုက်စာ​နေမှာ​​ပေါ့..ည​နေတည်းက
ဘာမှမစားရ​သေး​ဘူးဆိုတော့.."

ကိုယ့်ဝမ်းဗိုက်​လေးကိုလက်​လေးနဲ့
ပွတ်ပြီး ကလေးတစ်​ယောက်အား ​ပြော​နေသည့်နယ် ရွတ်လိုက်​လေသည်။

"Let's go သွားစားကြတာ​ပေါ့.....
ကိုယ့်အိမ်ကဟာကိုယ်စားတာဘဲ...ဘယ်သူမှဂရုစိုက်စရာမလိုဘူး...ဟုတ်တယ်မလားး..."

ထို့​နောက်...​အောက်ထပ်သို့ဆင်း
စားပွဲ​ပေါ်ကအရာအားလုံး...သူ့ရဲ့၀မ်းဗိုက်​လေးထဲသို့ ​ဖြည့်လိုက်လေသည်။

.........မဆိုးဘူး...စားလို့​ရ​အောင်​တော့ချက်တက်သားဘဲ.....

"​ရောက်ပြီ"

Studio​ရှေ့​ရောက်မှ ကိုသု​့ခေါ့်သံ​ကြောင့် လက်ရှိပစ္စုပ္ပန်သို့ အ​တွေးကပြန်​ရောက်လာ​တော့သည်။

^My Bad Guy ^(Z&U)Where stories live. Discover now